3.4 KiB
ယေဘုယျ အချက်အလက်
အိပ်မက်ထဲ၌ ယာကုပ်ထံ ဘုရားသခင် ဆက်လက် မိန့်တော်မူသည်။
သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်
ယာကုပ်၏ အမျိုးအနွယ်ကို အရေအတွက် များပြားသော မြေမှုန့်နှင့် ခိုင်းနှိုင်းထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင့်အမျိုးအနွယ်သည် ရေတွက်မရအောင် များပြားလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-simile)
. . . သို့ နှံ့ပြားကြလိမ့်မည်
ယာကုပ်၏ အမျိုးအနွယ်ကို ညွှန်းသည်။ ထိုအမျိုးအနွယ်၏ ဦးခေါင်းမှာ ယာကုပ်ဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "... သို့ ပြန့်နှံ့ကြလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-synecdoche)
နှံ့ပြားကြလိမ့်မည်
မိမိလူတို့က နယ်ပယ် ချဲ့ထွင်လျက် များပြားသော ဒေသတို့ကို သိမ်းပိုက်ရမည်ဟု ဆိုလိုသည်။
အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ အရပ်တို့သို့
"အရပ်မျက်နှာတိုင်း" ကို ဆိုလိုသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အရပ်လေးမျက်နှာသို့" (ရှု၊ rc://*/ta/man/translate/figs-synecdoche)
သင်နှင့် သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံကြရလိမ့်မည်
ကတ္တားဝါကျဖြင့် ပြန်ဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သင်နှင့် သင့်အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့ကို ငါကောင်းကြီးပေးမည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)
ဂတိထားသည်အတိုင်း မပြည့်စုံမှီ၊ သင့်ကို ငါမစွန့်
"ဤအရာတို့ကို ပြု၍ မပြီးမချင်း၊ သင့်ကို ငါမစွန့်"
ငါစောင့်မမည်
"ငါစောင့်ရှောက်မည်" သို့မဟုတ် "ငါစောင့်ထိန်းမည်"
ဤပြည်သို့တဖန် ဆောင်ခဲ့ဦးမည်
"ဤပြည်သို့တဖန် ခေါ်ဆောင်ဦးမည်"