my_tn/gen/27/39.md

3.1 KiB

. . . ဟု ပြန်၍ဆိုလေ၏

"... ဟု ဧသောအား ဆိုလေ၏"

ကြည့်ရှုပါ

ဣဇာက်က မိမိပြောလိုသောအရာကို အသားပေးရန် သုံးနှုန်းခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "နားထောင်လော့" သို့မဟုတ် "ငါပြောမည့်အရာကို နားစဉ်လော့" (ရှု၊ rc://*/ta/man/translate/figs-idiom)

မြေကြီး၏ဆီဥနှင့်၎င်း . . . ပြည့်စုံလိမ့်မည်

မြေဩဇာကို တင်စားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "မြေဆီဩဇာမှလည်းကောင်း ... ကင်းဝေးလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-metaphor)

သင်၏

၂၇:၃၉-၄၀ ရှိ ဤနာမ်စားတို့မှာ ဧသောကိုသာ ညွှန်းသည်။ သို့ရာတွင်၊ သူ၏ သားစဉ်မြေးအပေါ်၌လည်း သက်ရောက်သည်။ (ရှု၊ rc://*/ta/man/translate/figs-synecdoche)

အထက်မိုဃ်းကောင်းကင်၏ နှင်းနှင့်၎င်း

"နှင်း" ဟူရာတွင် ညအချိန်၌ အပင်တွင် ဖြစ်သော ရေစက်ကို ညွှန်းသည်။ တိကျစွာ ဖော်ပြနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အထက်မိုဃ်းကောင်းကင် မြူနှင်းမှလည်းကောင်း" (ရှု၊ rc://*/ta/man/translate/figs-explicit)

ထားဖြင့် အသက်ကိုမွေးရလိမ့်မည်

"ဓား" မှာ ဒုစရိုက်အမှုကို ပုံဆောင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "လုယက် သတ်ဖြတ်ခြင်းဖြင့် အသက်ရှင်ရလိမ့်မည်" (UDB) (ရှု၊ rc://*/ta/man/translate/figs-metonymy)

နောက်တဖန် အစိုးရသောအခါ၊ သူတင်သောထမ်းဘိုးကို သင်၏လည်ပင်းမှ ချိုးပယ်လိမ့်မည်

အစိုးရခြင်းကို သူတပါးအပေါ် တင်၍ရသော ထမ်းဘိုးကဲ့သို့ တင်စားထားသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "သူ့ကို ပုန်ကန်သောအခါ၊ သူ့အုပ်စိုးမှုမှ လွတ်မြောက်လိမ့်မည်" (UDB) (ရှု၊ rc://*/ta/man/translate/figs-metaphor)