2.2 KiB
2.2 KiB
အာဗြံသည်လည်း ပြပ်ဝပ်လျင်
"အာဗြံသည် မြေပေါ်၌ ပြပ်ဝပ်သော်" သို့မဟုတ် "အာဗြံသည်လည်း မြေပေါ်သို့ ချက်ချင်း ပြပ်ဝပ်လျက်" ဘုရားသခင်အပေါ် ရိုသေလေးမြတ်မှုကို ပုံဆောင်သည်။
ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏
"ကြည့်ရှုလော့၊ ငါ၏ ပဋိညာဉ်သည် သင်၌ရှိ၏"
လူမျိုးအများတို့၏ အဘ
"လူမျိုးများစွာ၏ အဘ" သို့မဟုတ် "လူမျိုးများစွာကို မွေးဘွားသူ"
အာဗြဟံ
ဘာသာပြန်ဆိုသူများ အနေဖြင့် အောက်ပါအတိုင်း မှတ်ချ ထည့်သွင်းနိုင်သည်။ 'အာဗြံ' မှာ 'ဂုဏ်ပြုခြင်းခံရသော အဘ' ဟု၎င်း၊ 'အာဗြဟံ' မှာ 'လူမျိုးများစွာ၏ အဘ' ဟု၎င်း အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည်။
ငါသည် သင့်ကို အလွန်ပွားများစေမည်
"ငါသည် သင်၏ အမျိုးအနွယ်ကို များပြားစေမည်"
သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်
"သင်၏ အမျိုးအနွယ်တို့ကို လူမျိုးကြီးဖြစ်စေမည်"
သင်၏ အမျိုးအနွှယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်
"သင့်ထံမှ ရှင်ဘုရင်များ ပေါက်ဖွားလာမည်" သို့မဟုတ် "သင့်အမျိုးတွင် အချို့သည် ရှင်ဘုရင်များ ဖြစ်ကြလိမ့်မည်"