2.6 KiB
ကာဣနကလည်း . . . ညီအာဗေလကိုခေါ်၍
မူပြန်ကျမ်းအချို့တွင် ကာဣနက မိမိညီအား ပြောသည့်အရာကို အတိအကျ ဖော်ပြထားသည်။ ပြန်ဆိုမည့် ဘာသာစကားတွင် ၎င်းကို ထည့်သွင်း ပြန်ဆို၍ရသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ကာဣနကလည်း လယ်သို့ သွားအံ့ဟု ညီအာဗေလကိုခေါ်၍" (ရှု၊ [[rc:///ta/man/translate/translate-textvariants]] နှင့် [[rc:///ta/man/translate/figs-explicit]])
ညီ
အာဗေလသည် ကာဣန၏ ညီဖြစ်သည်။ ဘာသာစကားတချို့တွင် "ညီငယ်" ဟု သုံးသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)
. . . ကို ရန်ဘက်ပြု၍
တစုံတဦးကို တိုက်ခိုက်ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "...ကို တိုက်ခိုက်၍" (ရှု၊ rc://*/ta/man/translate/figs-idiom)
သင့်ညီအာဗေလသည် အဘယ်မှာရှိသနည်း
ကာဣနက အာဗေလကို သတ်သည့်အကြောင်း ဘုရားသခင် သိ၏။ သို့သော် ကာဣန၏ အဖြေစကားကို ကြားလိုသောကြောင့် မေးလိုက်ခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-rquestion)
အကျွန်ုပ်သည် ညီကို စောင့်ရသောသူ ဖြစ်ပါသလော
အဖြေမပေးလိုသည့်အတွက် ကာဣန ဤမေးခွန်းကို ထုတ်လိုက်ခြင်းဖြစ်သည်။ ဖြစ်ကြောင်းပြဝါကျအဖြစ် ပြောင်းဆိုနိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အကျွန်ုပ်သည် ညီကို စောင့်ရသောသူ မဟုတ်ပါ" သို့မဟုတ် "ညီကို စောင့်ရန်မှာ အကျွန်ုပ်အလုပ် မဟုတ်ပါ" (ရှု၊ rc://*/ta/man/translate/figs-rquestion)