2.8 KiB
ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏
အခြားသော ဘာသာပြန်ဆိုချက်၊ "ဤအရပ်တွင် ဗဓေလသစ်စေးနှင့် ရှဟံကျောက်ကိုလည်း တွေ့နိုင်၏"
ဗဓေလသစ်စေး
ဤသစ်စေးမျိုးကို သစ်ပင်တစ်မျိုးမှရပြီး မွှေးရနံ့ထွက်သည်။ သစ်စေးဟူသည်မှာ အချို့သော အပင်များမှ ရရှိပြီး လောင်ကျွမ်းတတ်သည်။ (ရှု၊ rc://*/ta/man/translate/translate-unknown)
ရှဟံကျောက်
ရှဟံကျောက်များ။ ရှဟံကျောက်မှာ လှပသော ကျောက်မြတ်တမျိုးဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-unknown)
ဂိဟုန်
သမ္မာကျမ်းစာတွင် ဖော်ပြပါ မြစ်အမည်ကို ဤကျမ်းပိုဒ်တွင်သာ တွေ့ရသည်။ (ရှု၊ rc://*/ta/man/translate/translate-names)
ကုရှပြည်နား တရှောက်လုံးကို စီးသွားလေ၏
တပြည်လုံးကို ဖုံးလွှမ်းသည် မဟုတ်ဘဲ၊ ထိုပြည်၏ ဒေသအများစုတွင် စီးဆင်းကြောင်းညွှန်းခြင်းဖြစ်၏။
ကုရှပြည်နား တရှောက်လုံး
ကုရှခေါ်သော ပြည်တရှောက်လုံး
အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ၏
အာရှုရိခေါ် မြို့ပြ၏ အရှေ့သို့ စီးသွားလေ၏။ ဟိဒကေလ ခေါ် တိဂရိ မြစ်သည် မြောက်မှ တောင်သို့ စီးဆင်းသွား၏။ "အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ၏" ဟူသော စာပိုဒ်က တိဂရိမြစ်၏ တည်နေရာကို ဖော်ပြလိုက်သည်။ အချို့သော ဘာသာစကားများတွင် စာကြောင်းကို ခွဲ၍ ပြန်ဆိုတတ်ကြသည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "အာရှုရိတိုင်း၏ အရှေ့ဘက်သို့ စီးသွားလေ၏" (ရှု၊ rc://*/ta/man/translate/figs-distinguish)