4.1 KiB
ယေဘုယျ အချက်အလက်
ကမ္ဘာဦးကျမ်း ၂ ၏ ကျန်ရှိသော အပိုဒ်များတွင် ဆဌမနေ့ရက်၌ ပြုသောအမှုများကို ဖော်ပြထားသည်။
ဤအကြောင်းအရာကား . . . ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပတ္တိပေတည်း
"ဤအကြောင်းအရာကား ... ကောင်းကင်နှင့် မြေကြီး၏ သမိုင်းမှတ်တမ်းပေတည်း" သို့မဟုတ် "ဤအကြောင်းအရာကား ... ကောင်းကင်နှင့် မြေကြီး၏ သမိုင်းရာဇဝင်ပေတည်း။" အောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုနိုင်သည်။ (၁) ကမ္ဘာဦးကျမ်း ၁:၁-၂:၃ တွင် ဖော်ပြထားသည့် ဖြစ်ရပ်များကို အကျဉ်းချုပ်ပေးလိုက်ခြင်းဖြစ်နိုင်သည် သို့မဟုတ် (၂) ကမ္ဘာဦးကျမ်း ၂ မှ ဖြစ်ရပ်များကို အဖွင့် မိတ်ဆက်ပေးလိုက်ခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ဖြင့် ပြန်ဆိုပါစေ၊ ကျမ်းစာ ဖတ်ရှုသူများ နားလည်နိုင်အောင် ပြန်ဆိုပေးရပါမည်။
ထာဝရအရှင်ဘုရားသခင် . . . ဖန်ဆင်းတော်မူသောနေ့
ထာဝရဘုရား ... ဖန်ဆင်းတော်မူသောနေ့။ "နေ့" ဟု ဆိုရာတွင် ဖန်ဆင်းခြင်းကာလ တလျှောက်လုံးကို ခြုံပြောလိုက်ခြင်းဖြစ်ပြီး၊ တစ်နေ့တာမျှ ညွှန်းခြင်းမဟုတ်။
ဖန်ဆင်းရာကာလ
ယာဝေး ဘုရား ဖန်ဆင်းခဲ့သည်။ အခန်းကြီး ၁ တွင် ကျမ်းပြုဆရာက ဘုရားသခင်ကို "ဘုရားသခင်" ဟုသာ ခေါ်ဝေါ်ခဲ့ရာ၊ အခန်းကြီး ၂ သို့ ရောက်သောအခါ "ထာဝရဘုရား" ဟုသာ သမုတ်လေသည်။
ထာဝရအရှင်ဘုရားသခင်
ဤ အမည်နာမသည် ဓမ္မဟောင်းကျမ်းတွင် လူမျိုးတော်တို့အား ဖွင့်ပြသည့် ဘုရားသခင်၏ နာမတော်ဖြစ်သည်။
မြေ၌ လယ်ယာပျိုးပင်မပေါက်မှီ
တိရစ္ဆာန်တို့ စားစရာဖို့ ပျိုးပင် မပေါက်မှီ
လယ်ယာ၌ စပါးပင်မကြီးပွားမှီ
တိရစ္ဆာန်နှင့် လူတို့ စားစရာဖို့ ဟင်းသီးဟင်းရွက်စသော အပင်များ မကြီးပွားမီ
မြေ၌လုပ်သော
အပင်များ ကောင်းမွန်စွာ ကြီးထွားနိုင်ရန် လိုအပ်သည်များကို လုပ်ဆောင်သော
အခိုးအငွေ့
ဖြစ်နိုင်ခြေအရှိဆုံးသော အဓိပ္ပါယ် ဖွင့်ဆိုချက်များမှာ (၁) ရေငွေ့၊ မြူ သို့မဟုတ် (၂) မြေအောက် ရေပြင်မှ ထွက်သော အငွေ့
မြေတပြင်လုံး
တကမ္ဘာလုံး