3.9 KiB
ယေဘုယျ အချက်အလက်
ဣသရေလလူမျိုးများအကြောင်း ယေဇကျေလအား ပြောသော ထာဝရဘုရား စကားတော်များဖြစ်သည်။
သံကြိုးကိုလုပ်လော့
သံကြိုးသည် ကျွန်၊ အကျဉ်းသားများကိုချုပ်နှောင်ရန်အသုံးပြုသည်။ ထာဝရဘုရားသည် ဤသို့ပြောကြားလိုက်ခြင်းဖြင့် ချုပ်နှောင်ခြင်းနှင့် ကျွန်ပြုခြင်းခံရမည့်လူများအကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
ပြည် သည် လူအသက်ကို သတ်ခြင်းအပြစ်နှင့်ပြည့်၏။
ဆိုလိုသည်မှာ (၁) သူတို့အားလုံးသည် ရက်စက်စွာသတ်ဖြတ်သောပြစ်မှုကျူးလွန်ကြသဖြင့် ထာဝရဘုရား၏ စီရင်ခြင်းခံရသည်၊ သို့မဟုတ် (၂) တိုင်းပြည်အတွင်းရှိ တရားသူကြီးများသည်လည်း အပြစ်မရှိသော လူများကို ပြစ်ဒဏ်ပေးပြီး သတ်ဖြတ်ကြ၏။ (ရှု: rc://*/ta/man/translate/figs-metonymy)
မြို့သည်လည်း ညှင်းဆဲ နှိပ်စက်ခြင်းနှင့် ပြည့်၏။
တမြို့လုံးတွင် အကြမ်းဖက်လုပ်ရပ်များရှိသည်၊ သို့မဟုတ် မြို့အတွင်းနေထိုင်သောသူများသည် အခြားသူများကို နှိပ်စက်ကြသည်။
သူတို့သည် အိမ်များကို သိမ်းယူကြလိမ့် မည်
ထာဝရဘုရားသည် ရန်သူတို့ကို အခွင့်ပေး၍ ဣသရေလလူမျိုးတို့၏ နေအိမ်များကို သိမ်းပိုက်စေမည်။
ခွန်အားကြီးမားသောသူတို့၏ မာနကို ငါငြိမ်း စေမည်။
နသရေလလူမျိုးအတွင်းရှိ မာနထောင်လွှားသော သူတို့ကို အရှက်ရစေမည်။
သူတို့သန့်ရှင်းသောအရပ်တို့သည် ညစ်ညူးခြင်း ရှိကြလိမ့်မည်
သင် ကိုးကွယ်ရာသန့်ရှင်းသောအရပ်တို့ကို ရန်သူတို့သည် ညစ်ညူးစေကြလိမ့်မည်။
သူတို့သန့်ရှင်းသောအရပ်တို့
ရုပ်တုဆင်းတုများကို ကိုးကွယ်သော နေရာများ။
ပျက်စီးခြင်းဘေးလာ၏
လူများသည် ကြောက်ရွံ့ကြလိမ့်မည်။
သူတို့သည် ငြိမ်ဝပ်ခြင်း ကို ရှာ၍ မတွေ့ရကြ။
သူတို့သည် ငြိမ်းချမ်းရေးရရန် မျှော်လင့်နေကြမည် သို့မဟုတ် သူတို့၏ ရန်သူများနှင့် ငြိမ်းချမ်းခြင်း ရအောင်ကြိုးစားကြမည်။