2.6 KiB
2.6 KiB
ယေဘုယျ အချက်အလက်
ဣသရေလလူမျိုးများအတွက် ထာဝရဘုရား စကားတော်များ ဖြစ်သည်။
တံပိုးကို မှုတ်ကြသော် လည်း
ရန်သူတို့ကို တိုက်ခိုက်ရန် နှိုးဆော်သည့် တံပိုး။
ပြင်၌ ကားထားရှိ၏
ထား သည် ဓားကို ဆိုလိုသည်။ ဓား (ထား) ဟုဆိုရာ၌ စစ်ပွဲကို ဖော််ပြလိုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)
အတွင်း၌ကားနာခြင်း၊ မွတ်သိပ်ခြင်းရှိ၏။
အတွင်း သည် မြို့ကို ရည်ညွှန်းခြင်း ဖြစ်နိုင်သည်။
မြို့ထဲတွင်ရှိသော သူသည်လည်း နာခြင်း၊ မွတ်သိပ်ခြင်း အားဖြင့် ဆုံးလိမ့်မည်
'ဆုံးခြင်း' သည် လုံးလုံးပျက်စီးခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြို့ထဲရှိလူအများစုသည် ငတ်မွတ်ခြင်းနှင့် နာခြင်းဘေးဖြင့် သေကြလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-idiom)
အသီးအသီး မိမိတို့အပြစ်ကြောင့် စိတ်မသာ ညည်းတွားလျက်၊ ချိုင့်သားချိုးကဲ့သို့ တောင်ပေါ်မှာ ရှိကြ လိမ့်မည်
ချိုးများသည် လူတစ်ယောက်နာကျင်နေချိန်၊ ဝမ်းနည်းချိန်တွင် ညည်းညူးသည့်အသံကဲ့သို့ ဖြည်းညင်းစွာမြည်ကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့သည်ညည်းညူကြမည်ကို အလွန်ဝမ်းနည်းကြသည်၊ သူတို့အသံများသည် ချိုးအုပ်စုကဲ့သို့ ဖြစ်လိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-simile)