my_tn/act/01/24.md

4.4 KiB

ဤသို့ဆုတောင်းကြ၏

ယုံကြည်သူအားလုံးကို ရည်ညွှန်းသည်။ တမန်တော်များထဲမှ တစ်ဦးတစ်ယောက်၏ ပြောသောစကားလုံးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုံကြည်သူများ စုဝေး၍ ဆုတောင်းပဌာနာပြုခြင်းနှင့် တမန်တော်တစ်ဦး၏ ပြောဆိုခြင်းမှာ" (ရှု၊ rc://*/ta/man/translate/figs-explicit)

လူအပေါင်းတို့၏ စိတ်နှလုံးကိုသိတော်မူသောသခင်ဘုရား

"စိတ်နှလုံး" ဟုဆိုရာတွင် ကြံစည်တွေးတောခြင်းနှင့် ခံစားခြင်းကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတိုင်း၏ ကြံစည်တွေးတောခြင်းနှင့် ခံစားချက်ကို သိတော်မူသော သခင်ဘုရား" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ဓမ္မဆရာ၏အရာ၊ တမန်တော်၏အရာကိုခံစေ ခြင်းငှါ

"တမန်တော်အရာ" ဟုဆိုရာတွင် မည်သို့သော ဓမ္မဆရာအရာ၌ ရှိရမည်ဖြစ်ကြောင်းအဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒရှကာရုတ်၏ နေရာ၌ အစားထိုးသော တမန်တော်ဓမ္မအမှုဆောင်သူ " သို့မဟုတ် "ယုဒရှကာရုတ်၏ နေရာ၌ အစားထိုးမည်ဖြစ်သော အမှုဆောင်တမန်တော်" (ရှု၊ rc://*/ta/man/translate/figs-doublet)

ယုဒရှကာရုတ်သည် မိမိနေရာအရပ်သို့ သွားအံ့သောငှါ

ဤစကားလုံး၏ အဓိပ္ပာယ်မှာ မိမိကို ခန့်ထားသော တမန်တော်အရာကို‌ ဖောက်ပြန်၊ ကျူးလွန်ခြင်းကို ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒရှကာရုတ်သည် မိမိနေရာမှ ‌ရွေ့လျော့ဖောက်ပြန်၍"

မိမိနေရာအရပ်သို့ သွားအံ့သောငှါ

ဤစကားစုသည် ယုဒရှကာရုတ်၏ သေဆုံးခြင်းနှင့် ထိုကဲ့သို့ စီရင်ခံရခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မိမိနှင့် သက်ဆိုင်သောနေရာသို့သွားခြင်း" (ရှု၊ rc://*/ta/man/translate/figs-euphemism)

စာရေးတံချကြသဖြင့်

ယောသပ်နှင့် မဿိကို စာရေးတံချ၍ ဆုံးဖြတ်ကြသည်။

မဿိသည်စာရေးတံကိုရ၍

မဿိသည် ယုဒရှကာရုတ်နေရာ၌ အစားထိုးခံရသော စာ‌ရေးတံမဲဖြင့် ‌ရွေးချယ်ခံရသည်။

တကျိပ်တပါးသောတမန်တော်တို့နှင့် ရေတွက်ဝင် ခြင်း

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုံကြည်သူများသည် ထိုသူကိုဆယ့်တစ်ယောက်မြောက်သော တမန်တော်အဖြစ်စဉ်းစားခဲ့ကြသည်။ (ရှု၊ rc://*/ta/man/translate/figs-activepassive)