my_tn/act/01/04.md

4.0 KiB

ဆက်စပ်မှုဖော်ပြချက်

ယေရှုသေခြင်းမှရှင်ပြန်ထမြောက်ပြီးနောက် ရက်ပေါင်း (၄၀) အတွင်း သူ့နောက်လိုက်များထံပေါ်သွားသည် အချိန်အတွင်းတွင်ဖြစ်ပျက်သည်။

ယေဘုယျအချက်အလက်

သခင်ယေရှုကို ရည်ညွှန်းထားခြင်းဖြစ်သည်။ တမန်တော် ဝတ္တုထဲ၌ရှိသော "သင်တို့" ဆိုသည့် အများကိန်းများလည်းတွေ့ရသည်။ (ရှု၊ rc://*/ta/man/translate/figs-you)

ဆက်စပ်မှု ဖော်ပြချက်

ဤဖြစ်ပျက်ခဲ့သော အကြောင်းအရာသည် သခင်ယေရှု၏ ရှင်ပြန်ထမြောက်ပြီးနောက် ရက်လေးဆယ်အတွင်း သူ၏နောက်လိုက်များကို မိမိကိုယ်ထင်ရှားပြသခဲ့သည့် အကြောင်းအရာများဖြစ်သည်။

ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်

သခင်ယေရှုသည် သူ၏ တပည့်တော်များနှင့် အတူတကွစည်းဝေးနေသည့်အချိန်ဖြစ်သည်။

ခမည်းတော်၏ ဂတိ

သန့်ရှင်းသော ဝိညာဉ်တော်ကို ဖော်ဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဖခမည်းတော်၏ ဂတိတော်နှင့် စေလွှတ်သော သန့်ရှင်းသောဝိညာဉ်တော်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

ထိုဂတိတော်ကို ငါဟောပြောသဖြင့်

အရှေ့စာမျက်နှာတွင် ဖော်ပြထားသော "သန့်ရှင်းသော ဝိညာဉ်တော်" သည် "ထိုဂတိတော်" ဟူ၍ စကားလုံးပြောင်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သခင်ယေရှုမိန့်မှာခဲ့သော ထိုဂတိတော်နှင့် ဆိုင်သောအကြောင်းအရာ"

ယောဟန်သည်ရေ၌ဗတ္တိဇံကိုပေး၏ ...... သန့်ရှင်း သောဝိညာဉ်တော်၌ ဗတ္တိဇံကိုခံရကြလိမ့်မည်

သခင်ယေရှုက ယောဟန်ပေးသော ဗိတ္တိဇံသည် ရေဖြင့်ပေး၍ ဘုရားပေးသော ဗိတ္တံဇံသည် ယုံကြည်သူများကို သန့်ရှင်းသော ဝိညာဉ်တော်၌ ဖြစ်ကြောင်းကို နှိုင်းယှဉ်ဖော်ပြထားသည်။

ယောဟန်သည်ရေ၌ဗတ္တိဇံကိုပေး၏

ယောဟန်သည် လူများကို ရေဖြင့် နှစ်ခြင်းပေးသည်။

သင်တို့သည် ဗတ္တိဇံကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏

ပြုသူဝါကျဖြင့် ပြန်ရေးနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သင်တို့ကို ဗတ္တိဇံပေးလိမ့်မည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)