my_tn/2ki/21/04.md

3.8 KiB

ယေဘုယျအချက်အလက်

ရှင်ဘုရင်မနာရှေ၏ အုပ်ချုပ်မှု အကြောင်းဆက်၍ ရေးသားသည်။

ယေရုရှလင်မြို့၌ ငါ့နာမကိုငါတည်စေမည်

နာမည်သည် လူပုဂ္ဂိုလ်အတွက်ရပ်တည်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ထာဝရကာလ ငါအဘယ်သူဖြစ်ကြောင်း သိစေမည့်နေရာမှာ ယေရုရှလင်မြို့၌သာ ဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ဗိမာန်တော် တန်တိုင်းနှစ်ရပ်တွင် ကောင်းကင်ကြယ်အားလုံးအဘို့ ယဇ်ပလ္လင်တည်လေသည်။

လူတို့က ကြယ်များကို ကိုးကွယ်ပြီး ယဇ်ပူဇော်ခြင်းများ ပြုလုပ်နိုင်ဖို့ရန် ဤယဇ်ပလ္လင်များကို သူတည်ဆောက် သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူတို့က ကြယ်များကို ကိုးကွယ်ပြီး ယဇ်ပူဇော်ခြင်းများ ပြုလုပ်နိုင်ဖို့ရန်ထာဝရ၏ ဗိမာန်တော် တံံတိုင်းနှစ်ရပ်တွင် ယဇ်ပလ္လင်များကို သူတည်ဆောက်သည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

သူက သူ့သားကို မီးထဲသို့ထားသည်

သူ့သားကို မည်သည့်အတွက်ကြောင့် မီးထဲသို့ထားသည်၊ ထို့သို့သူ လုပ်ပြီးနောက်ဘာဖြစ်ပျက်လာသည့် အကြောင်းကို ဖော်ပြရန် လိုအပ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူ့ဘုရားများအား ပူဇော်သက္ကာအဖြစ် သူ့သားကို သေသည့်တိုင် မီးရှို့လေသည်" (ရှု၊ rc://*/ta/man/translate/figs-explicit)

တိုင်ပင်သည်

"တစ်စုံတစ်ယောက်ထံမှ အကြောင်းကြားသည့်စကား တောင်းခံခြင်း"

ထာဝရဘုရား၏အမြင်၌ အပြစ်ဖြစ်သောအရာ

"အပြစ်" ကို စကားဆက် "ထိုအရာ....အပြစ်" ဖြင့်ဘာသာပြန်နိုင်သည်။ ထာဝရဘုရား၏ "အမြင်" သည် တန်ဖိုးရှိသည့် အရာများအပေါ်သူ၏တရားစီရင်မှုနှင့် ဆုံးဖြတ်ချက် ချမှုဖြစ်သည်။ 3:1. ၌ မည်သို့ဘာသာပြန်သည်ကို ပြန်ကြည့်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားက အပြစ်ဟု ပြောသည့်အရာများ" သို့မဟုတ် "ထာဝရဘုရားက အပြစ်ဟုထင်သည့်အရာများ" (ရှု၊ [[rc:///ta/man/translate/figs-nominaladj]] နှင့် [[rc:///ta/man/translate/figs-metaphor]])