my_tn/1sa/20/30.md

3.0 KiB

ရှောလုသည် ယောနသန်ကို အမျက်ထွက်၍၊

'အမျက်ထွက်' ဟူ သည် အလွန်ဒေါသထွက်ခြင်းကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ရှောလုသည် ယောနသန်ကို အလွန်ဒေါသ ထွက်သည်။" (ရှု၊ rc://*/ta/man/translate/figs-metonymy)

မျောက်မထားသော မိန်းမ၏သား၊

ရှောလုသည် ဒါဝိဒ်အတွက် သူ့စိုးရိမ်မှု နှင့် ယောနသန်ကို ရှုတ်ချသည့်အနေဖြင့် ဤစကားကို သုံးခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ပြည့်တန်ဆာ၏ မိုက်မဲသောသား" သို့မဟုတ် "မိုက်မဲသော သစ္စာဖောက်။" (ရှု၊ rc://*/ta/man/translate/figs-idiom)

သင်သည် ကိုယ်တိုင် အရှက်ကွဲသည်တိုင်အောင်၎င်း၊ သင့်အမိအဝတ်ကျွတ်၍ အရှက်ကွဲသည့်တိုင်အောင်၎င်း၊ ယေရှဲ၏သား ဘက်၌ နေသည်ကို ငါမသိသလော

ယောနသန်နှင့်ဒါဝိဒ်သည် သူငယ်ချင်းများဖြစ်ကြောင်း အလေးပေးဖို့ရန် ဤသို့မေးခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင့်မိခင်၏ အရှက်ကိုခွဲ၍ ယေရှဲ၏သားကို သင်ရွေးချယ်ပြီ မဟုတ်လော။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

သင့်အမိအဝတ်ကျွတ်၍ အရှက်ကွဲသည့်တိုင်အောင်

'မိခင်၏အရှက်ကို ခွဲသည်တိုင်အောင်' သည် သူ့ကိုမွေးသောမိခင်ကို ရည်ညွှန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "သင့်ကိုမွေးသော မိခင်အရှက်ရအောင်။" (ရှု၊ rc://*/ta/man/translate/figs-idiom)

သင်နှင့် သင်၏နိုင်ငံ မတည်ရ

အခြားသောဘာသာပြန်ဆိုချက်မှာ၊ "သင်သည် ဘုရင်မဖြစ်ရ၊ သင့်နိုင်ငံကိုလည်း မတည်ရ။" (ရှု၊ rc://*/ta/man/translate/figs-activepassive)