4.2 KiB
ယေဘုယျ အချက်အလက်
ပြိုင်တူနှိုင်းယှဉ်ချက်သည် ဟေဗြဲကဗျာ၌ အများသုံးတွေ့ရသည့်အရာဖြစ်သည်။ ( ရှု - [[rc:///ta/man/translate/writing-poetry]] and [[rc:///ta/man/translate/figs-parallelism]])
ငါ၏ကျောက်
ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ ၁။ ငါ့ကိုလုံခြုံစေတော်မူသောသူ ၂။ ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောသူ။ (ရှု: rc://*/ta/man/translate/figs-metaphor)
ငါ့လက်သည် စစ် တိုက်၍၊ လက်ချောင်းတို့လည်းစစ်မှုကို လေ့ကျက်မည် အကြောင်းသွန်သင်တော်မူ
'လက်' နှင့် 'လက်ချောင်းများ' သည် 'ငါ့ကို' ဟုဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်။ ။စစ်တိုက်နိုင်ဖို့ရန် ငါ့ကိုသင်ပေးသောသူ (သို့မဟုတ်) တိုက်ပွဲအတွက် ငါ့ကိုသင်ပေးသောသူ။ (ရှု: [[rc:///ta/man/translate/figs-synecdoche]] and [[rc:///ta/man/translate/figs-doublet]] and rc://*/ta/man/translate/figs-ellipsis)
ငါ့ကိုသနားသောသူ
ငါ့ကိုသနားကြင်နာခြင်း ပြသသောသူ။ (ရှု: rc://*/ta/man/translate/figs-metonymy)
ငါ၏မြို့ရိုး၊ ... ငါ၏အကွယ်အကာ ဖြစ်တော်မူ၏။
ထာဝရဘုရားသည် သူ့ကိုကွယ်ကာတော်မူသောသူဖြစ်ကြောင်း လေးနက်စေဖို့ရန် ဆာလံဆရာသည် ဤသို့သောတင်စားမှုများကို သုံးထားသည်။ (ရှု: rc://*/ta/man/translate/figs-metaphor)
ငါ၏အကွယ်အကာ
ဒိုင်းလွှားသည်စစ်သားကိုကွယ်ကာသကဲ့သို့ ထာဝရဘုရားသည် သူ့ကိုကွယ်ကာသကဲ့သို့ ဒါဝိဒ် ပြောဆိုသည်။ ထာဝရဘုရားသည် ဒါဝိဒ်ကို ဘေးအန္တရာယ်မှ ကွယ်ကာသောသူဖြစ်သည်။ အခန်း ၁၈:၂ ရှိဤစကားလုံး ဘာသာပြန်ပုံကိုကြည့်ရန်။ (ရှု: rc://*/ta/man/translate/figs-metaphor)
ငါ၏ရဲတိုက်
ထာဝရဘုရားသည် သူ့ကို ရန်သူ၏တိုက်ခိုက်မှုမှ မြို့ရိုးသဖွယ်ကွယ်ကာသကဲ့သို့ ဆာလံဆရာ ပြောဆိုသည်။ ထာဝရဘုရားသည် ဒါဝိဒ်ကို ဘေးအန္တရာယ်မှ ကွယ်ကာသောသူဖြစ်သည်။ (ရှု: rc://*/ta/man/translate/figs-metaphor)
ငါကိုးစား၏
အကွယ်အကာရဖို့ ထာဝရဘုရားထံသွားခြင်းကို သူ့၌ခိုလှုံခြင်းကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်။ ။ငါ့ကိုကွယ်ကာဖို့ ငါပြေး၍ခိုလှုံရသောသူ။ (ရှု: rc://*/ta/man/translate/figs-metaphor)
မျိုးကို ငါ့အောက်သို့ နှိမ်ချတော်မူ၏
အခြားလူမျိုးများကို နိုင်ရသောအခွင့် ကျွန်ုပ်ကိုပေးသောသူ။