3.5 KiB
ယေဘုယျ အချက်အလက်
ပြိုင်တူနှိုင်းယှဉ်ချက်သည် ဟေဗြဲကဗျာတွင် ဖြစ်နေကျအရာဖြစ်သည်။ (ရှု: [[rc:///ta/man/translate/writing-poetry]] and [[rc:///ta/man/translate/figs-parallelism]])
ဘုရားသခင်ထတော်မူ၍
ဘုရားသခင်အလုပ် လုပ်ရန်စတင်သည်ကို သူမတ်တပ်ရပ်သကဲ့သို့ ပြောဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက်။ ။ဘုရားသခင်သည် အမှုပြုရန်စတင်ပါစေ။ (ရှု: rc://*/ta/man/translate/figs-metaphor)
ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော။
အခြားသောဘာသာပြန်ဆိုချက်။ ။ဘုရားသခင်သည် သူ့ရန်သူများကို အဝေးသို့ မောင်းထုတ်ပါစေ။ (ရှု: rc://*/ta/man/translate/figs-activepassive)
မီးခိုးလွှင့်သကဲ့သို့ သူတို့ကို လွှင့်တော်မူပါ
ဘုရားသခင်၏ရန်သူများကို လေဖြင့်အလွယ်တကူပါသွားနိုင်သော မီးခိုးကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်။ ။လေသည်မီးခိုးကိုမှုတ်သကဲ့သို့ သူတို့ကို အဝေးသို့မှုတ်လိုက်တော်မူပါ။ (ရှု: [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])
ဘယောင်းသည် မီးရှေ့မှာ အရည်ဖြစ်သကဲ့သို့
ဘုရားသခင်၏ရန်သူများကို မီးဖြင့်အလွယ်တကူအရည်ပျော်နိုင်သော ဖယောင်းကဲ့သို့ ပြောဆိုသည်။ အခြားသောဘာသာပြန်ဆိုချက်။ ။ဖယောင်းသည်မီး၌ ပျောက်သကဲ့သို့ သူတို့ကိုပျောက်ကွယ်စေတော်် မူပါ။ (ရှု: rc://*/ta/man/translate/figs-metaphor)
မတရားသော သူတို့
မတရားသောသူများကို ယေဘုယျအားဖြင့် ရည်ညွှန်းသည်။ (ရှု: rc://*/ta/man/translate/figs-nominaladj)
ဖြောင့်မတ်သော သူတို့
ဖြောင့်မတ်သော သူများကို ယေဘုယျအားဖြင့် ရည်ညွှန်းသည်။ (ရှု: rc://*/ta/man/translate/figs-nominaladj)
ရွှင်လန်းသော စိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာ
ဤစကားလုံးများသည် အဓိပ္ပါယ်တူ၍ သူတို့သည် မည်မျှလောက်ပျော်ရွှင်သည်ကို လေးနက်စေသည်။ (ရှု: rc://*/ta/man/translate/figs-doublet)