2.7 KiB
စိမ်းလန်းသော သံလွင်ပင်
စိမ်းလန်းသော သံလွင်ပင်သည် သန်မာကြီးထွား၍ အမြစ်တွယ်ကာ မပြိုလဲနိူင်ပေ။
ငါမူကား၊ ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်း သောသံလွင်ပင်ကဲ့သို့ဖြစ်၍
လုံခြုံစိတ်ချရသော အသက်တာကို သန်စွမ်းသောသံလွင်ပင်နှင့် နှိုင်းယှဉ်ဖော်ပြထားသည်။ (အခြားသောဘာသာပြန်ဆိုချက်) "ကျွန်ုပ်သည် ဘုရားသခင်၏ အိမ်တော်၌ ရှိရာတွင် သန်မာထွားကြိုင်းသော သံလွင်ပင်ကဲ့သို့ ဖြစ်သည်။" (သို့) " ဘုရားသခင်၏ အိမ်တော်၌ သူ့အား ကိုးကွယ်သောကြောင့် သန်စွမ်းသော သံလွင်ပင်ကဲ့သို့ ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-simile)
ဘုရားသခင် အိမ်တော်၌
ဘုရားသခင်အိမ်တော်ကို ရည်ညွှန်းသည်။
ကောင်းမြတ်တော်မူသောကြောင့်၊ ကိုယ်တော်၏သန့်ရှင်း သူတို့ရှေ့မှာ နာမတော်ကို မြော်လင့်ပါမည်။
ဘုရားသခင်၏ နာမတော်သည် ဘုရားသခင်ပုဂ္ဂိုလ်ကို ကိုယ်စားပြုသည်။ ဘုရားသခင်၏ ကူညီမစခြင်းကို မြော်လင့်ခြင်းဟူ၍ ရည်ညွှန်းသည်။ (အခြားသောဘာသာပြန်ဆိုချက်) "ကိုယ်တော် ကောင်းမြတ်တော်မူသော ကြောင့် ကိုယ်တော့်ကို အကျွန်ုပ်မြော်လင့်ပါ၏" (သို့) ကိုယ်တော်၏မစတော်မူခြင်းအကြောင်းကို အကျွန်ုပ်မြော်လင့်ပါ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ကောင်းမြတ်တော်မူသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)