my_tn/mrk/10/46.md

2.4 KiB

ဆက်စပ် ဖော်ပြချက်

ယေရှုသည် သူ၏ တပည့်တော်တိုနှင့် ယေရုရှလင်မြို့ဆီသို့ ရှေးရှု၍ ဆက်လက် လျှောက်သွားနေစဉ်၊ ယေရှုသည် ဗာတိမဲ အမည်ရှိသော မျက်မမြင်ကို ကုသပေးတော်မူပြီး ထိုသူသည် သူတို့နှင့်အတူ ခရီးဆက်သွားလျက်ရှိကြသည်။

တိမဲ၏သား ဗာတိမဲအမည်ရှိသော လူကန်း သူတောင်းစား

"မျက်မမြင် သူတောင်းစား၏ အမည်မှာ တိမဲ၏သား ဗာတိမဲဖြစ်သည်။" ဗာတိမဲသည် လူတစ်ဦး၏ အမည်ဖြစ်သည်။ တိမဲသည် သူ့ဖခင်၏ အမည်ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

နာဇရက်မြို့သား ယေရှုရှိကြောင်းကို ကြားရလျှင်

ဗာတိမဲသည် ယေရှုဖြစ်ကြောင်း လူတို့ပြောဆိုနေခြင်းကြောင့် ကြားသိရသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူသည် ယေရှုဖြစ်ကြောင်း လူတို့ ပြောဆိုနေကြသည်ကို ကြားသိသောအခါ" (ရှု၊ rc://*/ta/man/translate/figs-ellipsis)

ဒါဝိဒ်၏သားတော်

ယေရှုကို ဒါဝိတ်၏သားတော်ဟု ခေါ်သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် ရှင်ဘုရင်ဒါဝိဒ်မှ ဆင်းသက်လာသောသူ ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကိုယ်တော်သည် ရှင်ဘုရင်ဒါဝိဒ်မှ ဆင်းသက်လာသော ခရစ်တော်ဖြစ်သည်" (UDB) (ရှု၊ rc://*/ta/man/translate/figs-explicit)

အများ

"လူ အများတို့"

သာ၍

"ပို၍"