3.3 KiB
ယေဘုယျအချက်အလက်
ဣသရေလလူများအတွက် သတင်းစကားကို ထာဝရဘုရားသည် ယေဇကျေလကို ဆက်လက်၍ပြောသည်။
သင်တို့သည် ထားကို ကြောက်သည်ဖြစ်၍၊ ငါသည် ထိုထားကို သင်တို့အပေါ်သို့ရောက်စေမည်
ထား(ဓား) သည် ရန်သူကိုဖော်ပြလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့၏ အကြောက်ရဆုံးရန်သူတို့ကို စေလွှတ်၍ သင်တို့ကို တိုက်ခိုက်ဖျက်ဆီးစေမည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)
ကျွန်းတနိုင်ငံသား တို့၏လက်သို့အပ်၍
လက် သည် တန်ခိုး သိုမဟုတ် ထိန်းချုပ်မှုကိ ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တခြားနိုင်ငံသားတို့လက်သို့ သင်တို့ကို ငါအပ်မည်၊ သို့မဟုတ် တခြားနိုင်ငံသားတို့သည် သင်တို့ကို နိုင်ရသောအခွင့်ငါပေးမည်" (ရှု၊ rc://*/ta/man/translate/figs-metonymy)
သင်တို့သည် ထားဖြင့်ဆုံးရှုံးကြ၍
ထား (ဓား) သည် ရန်သူတို့၏ တိုက်ခိုက်သတ်ဖြတ်ခြင်းကိုရည်ညွှန်းသည်။ 'ထားဖြင့် ဆုံးရှုံး၍' ဟုတိုရာတွင် ဓားဖြင့်သတ်ဖြတ်ခြင်း ခံရခြင်းကို ဆိုလိုသည်။ သူတို့သည် သင်တို့အား ဓားဖြင့်သတ်ဖြတ်ကြလိမ့်မည် သို့မဟုတ် သင်တို့သည် စစ်တိုက်၍ သေကြေပျက်စီးကြလိမ့်မည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)
ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်
ဖြစ်နိုင်သောအဓိပ္ပါယ်များမှာ (၁) သင်တို့သည် ငါ့ကိုသိကြလိမ့်မည်၊ သို့မဟုတ် (၂) ငါသည်စစ်မှန်သော ထာဝရ ဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်၊ သို့မဟုတ် (၃) ငါသည် ပြောသည့်အတိုင်းလုပ်သောဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။ (UDB)။ အခန်း ၆:၆ ကိုကြည့်ရန်။