4.0 KiB
ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ၊ .....အာမခံတဦးတည်းရှိ၏။
အာမခံသူတစ်ယောက်သည် လူနှစ်စု ပဋိပက္ခဖြစ်သောအခါ နှစ်ဦးနှစ်ဖက် ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်ပေးသူ ဖြစ်သည်။ ဤနေရာတွင် ယေရှုက အပြစ်သားများဘုရားသခင်နှင့် ငြိမ်းချမ်းသော ဆက်သွယ်မှု ရရှိစေရန် ကူညီလုပ်ဆောင်ပေးခဲ့သည်။
ရွေးအံ့သောငှါ
"လွတ်မြောက်ခြင်းအတွက် အဖိုးအခအဖြစ်" သို့မဟုတ် "လွတ်မြောက်ခြင်းရရှိစေရန် အဖိုးအခအဖြစ်"
ကိုယ်ကိုကိုယ် စွန့်တော်မူပြီ
"မိမိ၏ ဆန္ဒအလျောက် အသေခံခဲ့သည်။"
ကာလအချိန်တန်မှ သက်သေခံခြင်းရှိ၏။
ဤသက်သေခံခြင်းမှာ ဘုရားသခင်သည် လူသားအားလုံးကို ကယ်တင်လိုသည်ဟူသော သက်သေခံချက်ပင်ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ " ကာလအချိန်တန်သောအခါ ဘုရားသခင်သည် လူသားအားလုံးကို ကယ်တင်ရန် သက်သေခံချက်ထားရှိခဲ့သည်" (ရှု ၊ rc://*/ta/man/translate/figs-explicit)
ကာလအချိန်တန်မှ
ဤအချိန်သည် ဘုရားသခင် ရွေးချယ်တော်မူသော အချိန် ဟု ဆိုလိုသည်။
ငါသည်ထိုသက်သေခံသောသူ
"ဤအရာအတွက်" သို့မဟုတ် "ဤအကြောင်းကြောင့်"
ငါသည်ထိုသက်သေခံသောသူ အရာ၌၎င်း၊ တမန်တော်အရာ၌၎င်း၊
အခြားသောဘာသာပြန်ဆိုချက်၊ "သခင်ယေရှုသည် ငါ ပေါလုကို သက်သေခံသောသူ နှင့် တမန်တော်အရာ၌ ခန့်ထားတော်မူသည်။ " (ရှု၊ rc://*/ta/man/translate/figs-activepassive)
ယုံကြည်ခြင်းတရားနှင့် သမ္မာ တရားကို တပါးအမျိုးသားတို့အား ဟောပြောသောဆရာ အရာ၌၎င်း ခန့်ထားတော်မူသောသူ ဖြစ်သည်
" ငါသည် တစ်ပါးအမျိုးသားတို့အား ယုံကြည်ခြင်းတရားနှင့် သမ္မာ တရားကို သွန်သင်ခဲ့သည်။ "ဤနေရာတွင် ရှင်ပေါလုသည် "ယုံကြည်ခြင်းတရားနှင့် သမ္မာတရားကို" ကို တစ်ခုတည်းသောအရာ အဖြစ်အသုံးပြုခြင်းဖြစ်ပေမည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် တစ်ပါးအမျိုးသားတို့အား စစ်မှန်သော ယုံကြည်ခြင်းတရားကို သွန်သင်ခဲ့သည်" ဟု ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-hendiadys)