2.8 KiB
ဤအရပ်၌ ယခု ငါရှိ၏။ ထာဝရဘုရားရှေ့၊ ဘိသိက်တော်ကို ခံသော သူရှေ့မှာ ငါ့တဘက်၌ သက်သေခံကြလော့။
ဤထုတ်ပြန်ချက်အားဖြင့် ရှမွေလက တစ်ယောက်ကိုမျှအမှားမပြုသည်ကို လူတို့အားပြော၍ စိန်ခေါ်နေသည်။ အခြားသောဘာသာပြန်ဆိုချက်၊" ကျွန်ုပ်သင်တို့ရှေ့၌ ရပ်ရဲသည်။ သင်တို့ကိုအမှားအချို့ပြုခဲ့လျှင် ထာဝရဘုရားရှေ့၊ ဘိသိက်ခံသောဘုရင်ရှေ့မှာ ကျွန်ုပ်သင်တို့ကိုမေးသည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)
အဘယ်သူ၏ နွားကို ငါယူဖူးပြီနည်း။ အဘယ်သူ၏ မြည်းကို ယူဖူးပြီနည်း။
ရှမွေလသည် သူတို့၏ တိရိစ္ဆာန်များကို တခါမျှမခိုးကြောင်းကို လူတို့အားသတိပေးရန် မေးခွန်းဖြင့် သုံးနှုန်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်သည်သူများတန်ဖိုးထားသော တိရိစ္ဆာန်ကို တစ်ခါမျှ မခိုးပါ။" ( ရှု rc://*/ta/man/translate/figs-rquestion)
အဘယ်သူကို လှည့်စားဖူးပြီနည်း။
ရှမွေလသည် သူရိုးသားသည်ကိုပြောရန် မေးခွန်းဖြင့်လှပစွာသုံးနှုန်းထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျွန်ုပ်မည်သူကိုမျှ မလိမ်၊ မလှည့်စားပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)
ငါ့တဘက်၌ သက်သေခံကြလော့။ သူ့ဥစ္စာကို ငါယူမိလျှင် ပြန်ပေးပါမည်။
အကယ်၍ ကျွန်ုပ် ဤမကောင်းသောအရာများကို လုပ်မိလျှင် ယခုပြောပါ။ ကျွန်ုပ်ပြန်ပေးပါမည်။ ကျွန်ုပ်အမှန်ပြုလုပ်လိမ့်မည်။