my_tn/1pe/04/01.md

2.5 KiB

ဆက်စပ်မှု ဖော်ပြချက်

ခရစ်ယာန် အသက်တာအကြောင်း ဆက်လက် သွန်သင်ထားသည်။ ယခင် အခန်း၌ ခရစ်တော်၏ ညှဉ်းပန်းနှိပ်စက်ခံရမှုနှင့် စပ်ဆိုင်၍ မိမိကိုယ်ပိုင် အမြင်ကို တင်ပြခြင်းဖြင့် အစပြုထားသည်။

ကိုယ်ခန္ဓာတော်၌၊

"ခန္ဓာတော်၌"၊

ထိုသို့သောသဘောကို လက်နက်ပြု၍ သုံးစွဲကြလော့။

"မိမိကိုယ်တိုင် လက်နက်သုံးစွဲကြလော့" ဟူသောစကားစုသည် စစ်သူရဲများက တိုက်ပွဲအတွက် ပြင်ဆင်နေသကဲ့သို့ အရာများကို ရည်ညွှန်းထားသည်။ စစ်ဝတ်စုံ သို့မဟုတ် စစ်လက်နက်ကဲ့သို့ တင်စားထားသည်။ သခင်ယေရှု ခံရသကဲ့သို့ ခံရန်အတွက် စိတ်အသင့်ပြင်ရန် ဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက် မှာ "ခရစ်တော်ကဲ့သို့ ခံရမည်အကြောင်း အသင့်ပြင်ဆင်ကြလော့" ဟုဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ကိုယ်ခန္ဓာ၌ခံသောသူ၊

"ကိုယ်ခန္ဓာ" ဟူသည်မှာ လောက၌ရှင်နေသော အချိန်ကာလကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ဤဘဝ၌ အသက်ရှင်စဉ် ညှဉ်းဆဲခြင်းကို ခံရသည်" ဟူ၍ဖြစ်သည်။

ဒုစရိုက်တို့နှင့် လွတ်ငြိမ်းသည်၊

အပြစ်ပြုလုပ်ခြင်း ရပ်တန့်သည်။

သူတို့၏ တပ်မက်ခြင်းတရားကို၊

အပြစ်သားများ ပုံမှန်အားဖြင့် လိုချင်သောအရာများ။