my_tn/1pe/01/24.md

2.9 KiB

ယေဘုယျ အချက်အလက်

မဖောက်ပြန် မပျက်စီးတတ်သော မျိုးစေ့နှင့် စပ်ဆိုင်၍ ပရောဖက် ဟေရှာယ၏ ကျမ်းမှ ကောက်နုတ်ထားသည်။

လူမျိုးရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏ ။

ပရောဖက်‌‌‌ဟေရှာယက လူ့ဘဝသည် ခဏသာပွင့်ပြီး မကြာမီ သေဆုံးသွားသော မြက်ပင်နှင့် ခိုင်းနှိုင်းထားသည်။အခြားသောဘာသာပြန်ဆိုချက်မှာ- "လူမျိုးရှိသမျှသည် မြက်ပင်ကဲ့သို့ ညိုးနွမ်းလိမ့်မည်" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-simile)

လူမျိုးရှိသမျှ၊

"လူသား"ကို ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ-"လူသားတိုင်း" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

လူမျိုး၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏

ဤတွင်"ဘုန်း" ဟူသည် လှပခြင်းနှင့် ကောင်းခြင်းကို ရည်ညွှန်ထားပါသည်။ ပရောဖက် ဟေရှာယက လူ့ဘဝ၌ ကောင်းမြတ်၍ လှပသောအရာများကို အလွယ်တကူညှိုးနွမ်းတတ်သောပန်းပွင့်နှင့် ခိုင်းနှိုင်းထားသည်။ အခြားသောဘာသာပြန်ဆိုချက် မှာ "လူသား၏ လှပမှုသည်လည်း ပန်းပွင့်ကဲ့သို့ ဖြစ်၏" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-simile)

ထိုနှုတ်ကပတ်တော်သည် . . . ဧဝံဂေလိတရား ဖြစ်သတည်း။

"ထိုနှုတ်ကပတ်တော်" ဟူရာတွင် "သခင်ဘုရား၏ နှုတ်ကပတ်တော်" ကို ညွှန်းသည်။

သင်တို့အား ဟောပြောသော ဧဝံဂေလိတရား ဖြစ်သတည်း။

အခြားသောဘာသာပြန်ဆိုချက်မှာ "သင်တို့ထံ ကြေညာသော ဧဝံဂေလိတရား ဖြစ်သတည်း" (ရှု၊ rc://*/ta/man/translate/figs-activepassive)