4.9 KiB
ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ၊
ဤနေရာတွင် ရှင်ပေတရုက ယုံကြည်သူများသည် မိမိတို့ကိုယ်ကို စင်ကြယ်စေကြောင်း ဆိုထားသည်။ သို့ရာတွင်၊ ထိုသို့ စင်ကြယ်ရန် သူတို့သည် ခရစ်တော်၏ ကယ်တင်ခြင်းတရားကို လက်ခံခဲ့ကြခြင်းသာ ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)
ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့်အညီ၊
"စိတ်နှလုံး" မှာ လူတယောက်လုံးကို ညွှန်းထားခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "ကိုယ်ကို စင်ကြယ်စေပြီးသည်နှင့်အညီ" ဟုဆို လိုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-synecdoche)
စင်ကြယ်စေခြင်း၊
ဘုရားသခင် လက်ခံထိုက်သော အဖြစ်ကို ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)
စိတ်ထဲမှ သမ္မာတရားကို နားထောင်လျက်၊
အခြားသောဘာသာပြန်ဆိုချက်မှာ "သမ္မာတရားကို လိုက်နာ၍"။ (ရှု၊ rc://*/ta/man/translate/figs-abstractnouns)
ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊
ယုံကြည်သူ အချင်းချင်း မေတ္တာဂရုဏာ ပြခြင်းကို ညွှန်းသည်။
စင်ကြယ်သောစိတ်နှင့် အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာ ရှိကြလော့။
ဤတွင်"စိတ်"ဟူသည်မှာ လူတစ်ယောက်၏ အတွေးအခေါ်နှင့် စိတ်ခံစားချက်ကို အစားထိုးထားသည်။ တစ်စုံတစ်ယောက်အားချစ်ခြင်း ဟူသည်မှာလည်း အတွင်းနှလုံးသား၊ စိတ်ရင်းဖြင့်ချစ်ခြင်းကို ဆိုလိုပါသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ "စိတ်ရင်းဖြင့် အချင်းချင်း ချစ်ခင်ကြလော့" ဟူ၍ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-idiom)
ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဘွားသည်မဟုတ်၊ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့၊
ဖြစ်နိုင်ခြေရှိသော အဓိပ္ပာယ်များမှာ-ရှင်ပေတရုသည် နှုတ်ကပတ်တော်ကို ၁) ယုံကြည်သူ အသက်တာ၌ စိုက်ပျိုး၍ ကြီးထွားသော မျိုးစေ့ကဲ့သို့ လည်းကောင်း ၂) ပေါင်းစည်းခြင်းဖြင့် လူကလေးကို ဖြစ်ထွန်းစေသော လူ၏ မျိုးစေ့ခေါ် ဆဲလ်များကဲ့သို့ ဆိုလိုထားပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)
မဖောက်ပြန်မပျက်စီးတတ်သော၊
"မပျက်စီးနိုင်သော" သို့မဟုတ် "တည်မြဲသော" မျိုးစေ့။
အသက်ရှင်၍ အစဉ်အမြဲ တည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့်၊
ရှင်ပေတရုက နှုတ်ကပတ်တော်ကို အစဥ်ထာ၀ရ အသက်ရှင်သောအရာကဲ့သို့ ဆိုထားသည်။ သို့ရာတွင်၊ အသက်ရှင်၍ တည်မြဲသည်မှာ နှုတ်ကပတ်တော်ကို မိန့်ဆိုသော ဘုရားသခင်ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)