my_tn/1co/05/06.md

2.0 KiB

သင်တို့၏ ဝါကြွားခြင်းသည် မကောင်းမသင့်။

"သင်တို့၏ ဝါကြွားခြင်းသည် ဆိုးရွားသည်။"

အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံး ကို ဖောင်းကြွစေတတ်သည်ကို မသိကြသလော။

အနည်းငယ်သော တဆေးသည် မုန့်စိမ်းတပုံလုံးကို ဖောင်းကြွစေတတ်သကဲ့သို့ အနည်းငယ်သော အပြစ် သည် ယုံကြည်သူများ၏ မိဿဟာယဖွဲ့ခြင်း တစ်ခုလုံးကို ထိခိုက်စေနိုင်ပါသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ခရစ်တော်တည်းဟူသော ငါတို့ပသခါ သိုးသငယ် သည် ငါတို့အဘို့ ယဇ်ပူဇော်ရာဖြစ်၏။

ဣသရေလူမျိုးများ၏ အပြစ်များကို နှစ်တိုင်း ယုံကြည်ခြင်းဖြင့် ပသခါသိုးသငယ်က ဆောင်ယူသွားသလို ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ကိုးစားသောသူတိုင်း ခရစ်တော် အသေခံခြင်းအားဖြင့် ထာဝရအတွက် ခံယူပေးထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ငါတို့၏ ပသခါသိုးသငယ် ယေရှုခရစ်ကို ယဇ်ပူဇော်ထားပါသည်။" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])