my_tn/zep/01/14.md

6.9 KiB

နီးပြီ၊ နီးပြီ အလျင်အမြန်လာ၏

နှစ်ကြိမ်တိုင်အောင် အသုံးပြုထားသော "နီးပြီ"စကားလုံး နှင့် "အလျင်အမြန်လာ၏" စကားလုံးသည် အစ္စရေးလူများအပေါ် မကြာခင် ဖြစ်ပျက်လာမည့် ထာဝရဘုရား၏ တရားစီရင်ရာနေ့ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်- "နီးပြီ မကြာမီလာမည်" (ရှု၊ rc://*/ta/man/translate/figs-doublet)

ထိုနေ့သည် အမျက်ထွက်သောနေ့၊ဆင်းရဲပူပန် ခြင်းကို ခံရသောနေ့၊ သုတ်သင်ပယ်ရှင်းဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုဃ်းအုံ၍ ထူထပ် သောမှောင်မိုက်ဖုံးလွှမ်းသောနေ့၊ ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်တို့တဘက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာနေ့ဖြစ်၏။

ဤဖော်ပြချက်သည် အင်မတန်မှ ကြောက်မက်ဖွယ်ကောင်းလှသော ထာဝရဘုရား၏ စီရင်ရာနေ့ကျရောက်လိမ့်မည်ဖြစ်ကြောင်း အလေးထားဖော်ပြထားသည်။ များစွာသော ပျက်စီးခြင်းလက္ခဏာများသည် ဖောက်ပြန်ဖျက်ဆီးတတ်သော သဘာဝတရားများနှင့် ဘုရားသခင်၏နောက်ဆုံးသောတရားစီရင်ခြင်းဖြင့် စုပုံဖျက်ဆီးမည်ဖြစ်ကြောင်းရေးသားထားသည်။

ဆင်းရဲပူပန်ခြင်းကိုခံရသောနေ့

"ဆင်းရဲဒုက္ခ" နှင့် "ပူပန်ခြင်းဝေဒနာ" ဟူသော အဓိပ္ပါယ်သည် လူများ၏ ဆင်းရဲပူပန်ခြင်းဝေဒနာ ပြင်းထန်စွာခံစားရခြင်းဖြစ်ကြောင်း ရည်ရွယ်ထားသည်။ အခြားသောဘာသာပြန်ဆိုချက်- "လူများဆင်းရဲ ဒုက္ခဆိုးရွားခံစားရသောနေ့" (ရှု၊ rc://*/ta/man/translate/figs-doublet)

သုတ်သင်ပယ်ရှင်းဖျက်ဆီးရာနေ့

သုတ်သင်ပယ်ရှင်းခြင်းသည် (မုန်တိုင်း) ဘုရားသခင်၏ စီရင်ခြင်းကို ရည်ညွှန်းသည်။ ဘုရားသခင်၏ စီရင်ခြင်းသည် ဖျက်ဆီးပယ်ရှင်းလိုက်သော မုန်တိုင်းကဲ့သို့ ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်- "သုတ်သင်ပယ်ရှင်းဖျက်ဆီးခြင်း မုန်တိုင်း" သို့မဟုတ် "စီရင်ဖျက်ဆီးသောနေ့" (ရှု၊ [[rc:///ta/man/translate/figs-doublet]] and [[rc:///ta/man/translate/figs-metonymy]])

အလင်းကွယ်၍ မှောင်မိုက်သောနေ့

"အလင်းကွယ်၍ မှောင်မိုက်သော" ဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ အလွန်ကြီးမားသော အမှောင်ထုကြီးကို ရည်ရွယ်ဖော်ပြထားသည်။ စကားလုံးနှစ်မျိုးလုံးသည် ဘေးဒုက္ခရောက်သောအချိန် သို့မဟုတ် ဘုရားသခင်၏ စီရင်ခြင်းကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်- "မှောင်အတိကျသောနေ့ရက်" သို့မဟုတ် "ကြောက်မက်ဖွယ်ကောင်းသော စီရင်ရာနေ့" (ရှု၊ [[rc:///ta/man/translate/figs-doublet]] and [[rc:///ta/man/translate/figs-metonymy]])

မိုဃ်းအုံ၍ ထူထပ်သော မှောင်မိုက်ဖုံးလွှမ်းသောနေ့

ဤစကားစုသည် ဖော်ပြပြီးသောအကြောင်းအရာများနှင့် အဓိပ္ပါယ်တူညီသည်။ "မိုးတိမ်အုံ၍မှောင်မိုက်ဖုံးလွှမ်းသော" ဆိုသည်မှာ ဘုရားသခင်၏ စီရင်ခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်- "မိုဃ်းတိမ်ထူထပ်၍ အမှောင်အတိဖုံးလွှမ်းသောနေ့" (ရှု၊[[rc:///ta/man/translate/figs-doublet]] and [[rc:///ta/man/translate/figs-metonymy]])

တံပိုးမှုတ်၍ကြွေးကြော်ရာနေ့

"တံပိုးမှုတ်" နှင့် "ကြွေးကြော်" ဟူသော စကားလုံးသည် တူညီသောအခြေခံ သဘောတရားဖြစ်သည်။ နှစ်ခုလုံးမှာ ဘုရားသခင်၏ စစ်တိုက်ပွဲအတွက် စစ်သူရဲများကို အသင့်ပြင်ဆင်ဖို့ တိုက်တွန်းနှိုးဆော်ထားသည်။ အခြားသောဘာသာပြန်ဆိုချက်- "လူများစစ်တိုက်ပွဲအတွက် ကြွေးကြော်သောနေ့" (ရှု၊ rc://*/ta/man/translate/figs-doublet)

ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်များ

အင်အားကြီးမားသော ခံတပ်ကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက် "ကောင်းမွန်သော ခံတပ်မြို့များ" (ရှု၊ rc://*/ta/man/translate/figs-doublet)