my_tn/zec/09/11.md

2.9 KiB

သင်၏အမှုမူကား

ဤသည်တွင် "သင်" သည် "ဣသရေလလူတို့" အား ရည်ညွှန်းသည်။

ရေမရှိသော မြေတွင်း

ဤ "မြေတွင်း" သည် "နယ်နှင်ခံခြင်း" ကို တင်စားအသုံးပြုသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ရဲတိုက်သို့ ပြန်လာကြလော့။

အခြားသောဘာသာပြန်ဆိုချက် ၊ "လုံခြုံစိတ်ချရာ သင်တို့ တိုင်းပြည်သို့ ပြန်လာကြပါ"။

အချုပ်ခံ၍ မြော်လင့်သော သူတို့

ဤအသုံးအနှုန်းသည် နယ်နှင်ခြင်းကို ခံရသော်ငြားလည်း ထာဝရဘုရားအား ယုံကြည်ဆဲ ဖြစ်နေသော ဣသရေလ လူတို့" ကို ရည်ညွှန်းသည်။

ယုဒလေးကို ငါတင်၍

ယုဒပြည်သားတို့အား စစ်ပွဲအတွက် ထာဝရဘုရား၏ "လေး" ဟူသော လက်နက်အနေဖြင့် တင်စားခေါ်ထားပါသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထာဝရဘုရားသည် ဂရိတိုင်းပြည်ကို တိုက်ခိုက်ရာ၌ ဣသရေလလူတို့အား အသုံးပြု၍ တိုက်ခိုက်မည် ဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဧဖရိမ်လေးကို ဆွဲငင် လျက်

တိုင်းပြည်၏ မြောက်ဖက်အခြမ်းရှိ ဣသရေလလူတို့ကို "မြှား" ဟူ၍ တင်စားပြီး ထာဝရဘုရားက သူတို့အားဖြင့် ရန်သူကို တိုက်ခိုက်မည် ဟု ရည်ရွယ်သည်။ "မြှားတောင့်" သည် "စစ်သည်များ မြှားကို ထားရှိသော အိတ်" ကို ဆိုလိုသည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဇိအုန်သားတို့ကို ဟေလသသားတို့တဘက်၌ နှိုး ဆော်၍

ထာဝရဘုရားက မတူညီသောတိုင်းနိုင်ငံ နှစ် ခု မှ လူတို့အား တစ်ချိန်တည်း ပြောနေသည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)