my_tn/zec/08/18.md

4.5 KiB

ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍

"ငါ့" သည် ဇာခရိကို ရည်ညွှန်းသည်။

စတုတ္ထလတွင် အစာရှောင်ခြင်း

ဣသရေလလူမျိုးတို့ ဟေဗြဲ ပြက္ခဒိန်၏ ၄ လမြောက်၏ ကာလအပိုင်းအခြား တစ်ခုတွင် ငိုကြွေးမြည်တမ်းရခြင်းမှာ ထိုလတွင် ဗာဗုလုန်ပြည်သားတို့သည် ယေရုရှလင်မြို့ရိုးကို ဖျက်စီးပြီး ဝင်ရောက်ခဲ့သော အချိန် ဖြစ်သောကြောင့် ဖြစ်သည်။ ထိုလသည် အနောက်တိုင်း ပြက္ခဒိန်တွင် ဇွန်လ၏ အနှောင်းပိုင်းနှင့် ဇူလိုင်လ၏ အဆန်းပိုင်းကာလ ဖြစ်သည်။ (ရှု - [[rc:///ta/man/translate/translate-hebrewmonths]] and [[rc:///ta/man/translate/translate-ordinal]])

ပဉ္စမလတွင်

ဟေဗြဲလူမျိုးတို့သည် သူတို့ပြက္ခဒိန်ရှိ ပဉ္စမလ၏ ကာလအစိတ်အပိုင်းတွင် အစာရှောင်ကြရခြင်းမှာ ထိုအချိန်သည် ဗာဗုလုန်ပြည်သားတို့ ယေရုရှလင်မြို့ရှိဗိမာန်တော်အား ဖျက်ဆီးခဲ့သော အချိန် ဖြစ်သောကြောင့် ဖြစ်သည်။ ပဉ္စမလသည် အနောက်တိုင်း ပြက္ခဒိန်တွင် ဇူလိုင်လ အကုန်ပိုင်းနှင့် ဩဂုတ်လ လဆန်းပိုင်း ကြားကာလတွင် ဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/translate-hebrewmonths]] and [[rc:///ta/man/translate/translate-ordinal]])

သတ္တမလတွင်

ဟေဗြဲလူမျိုးတို့သည် သူတို့ပြက္ခဒိန်ရှိ သတ္တမလ၏ ကာလအစိတ်အပိုင်းတွင် ငိုကြွေးမြည်တမ်းကြရခြင်းမှာ ဗာဗုလုန်ဘုရင်မှ ယုဒပြည်ကို အုပ်စိုးရန် ခန့်အပ်ထားသော ဘုရင်ခံ ဂေဒလိ အသတ်ခံရပြီးနောက် ထိုလတွင် ယေရုရှလင်မြို့၌ ကျန်ခဲ့သော ဣသရေလလူမျိုးသည် အဲဂုတ္တပြည်သို့ ထွက်ပြေးတိမ်းရှောင်ရသောကြောင့် ဖြစ်သည်။ ထိုသတ္တမလသည် အနောက်တိုင်းပြက္ခဒိန်တွင် စက်တင်ဘာလ အနှောင်းပိုင်း နှင့် အောက်တိုဘာလ အဆန်းပိုင်း ကြားကာလတွင် ဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/translate-hebrewmonths]] and [[rc:///ta/man/translate/translate-ordinal]])

ဒသမလ

ဟေဗြဲလူမျိုးတို့သည် သူတို့ပြက္ခဒိန်ရှိ သတ္တမလ၏ ကာလအစိတ်အပိုင်းတွင် ငိုကြွေးမြည်တမ်းကြရခြင်းမှာ ဗာဗုလုန်စစ်တပ်ကြီး ယေရုရှလင်မြို့ကို စတင် တိုက်ခိုက်သောကြောင့် ဖြစ်သည်။ ထိုဒသမလသည် အနောက်တိုင်းပြက္ခဒိန်တွင် ဒီဇင်ဘာလ အနှောင်းပိုင်း နှင့် ဇန်နဝါရီလ အဆန်းပိုင်း ကြားကာလတွင် ဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/translate-hebrewmonths]] and [[rc:///ta/man/translate/translate-ordinal]])