my_tn/zec/08/11.md

2.4 KiB

အရင်

အတိတ်ကအတိုင်း

ကျန်ကြွင်းသော ဤလူတို့၌ ငါသည် အရင်ကဲ့သို့မပြု

အခြားသောဘာသာပြန်ဆိုချက်၊ "ယခုတွင် ငါသည် ထိုသူတို့ကို ကောင်းကြီးပေးမည်" သို့မဟုတ် "ဤသူတို့ကို ငါ ကောင်းမွန်စွာ ဆက်ဆံမည်"။

မျိုးစေ့ကို ငြိမ်ဝပ်စွာ ကြဲရလိမ့်မည်။

ငါသည် ဤသူတို့ကို ငြိမ်းချမ်းခြင်း ရစေမည်။

ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား မိန့်တော်မူ၏။

ဤအသုံးအနှုန်းမှာ UDB တွင် "ထာဝရဘုရား မိန့်ကြားသည်မှာ " ဟူ၍ ဘာသာပြန်လေ့ရှိသည်။ ဤအသုံးအနှုန်းကို သင်၏ ဘာသာဖြင့် အလျဉ်းသင့်သလို ပြန်ဆိုနိုင်သည်။ ဤအသုံးအနှုန်းကို ဇာခရိတွင် အသုံးများသည်။

မြေသည် မိမိစီးပွားကို ... ပေးရ လိမ့်မည်။

လယ်မြေများတွင် ကောက်ပဲသီးနှံတို့ ကောင်းမွန်စွာ ရိတ်သိမ်းရလိမ့်မည်။

ကောင်းကင်သည် နှင်းရည်ကို၎င်း၊ ပေးရ လိမ့်မည်။

"နှင်းရည်"သည် အများအားဖြင့် သာယာဝပြောခြင်းကို ပုံဆောင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မိုးများကောင်းမွန်စွာ ရွာသွန်းမည်"။

ဤအရာအလုံး စုံတို့ကို ရတတ်စေခြင်း

အခြားသောဘာသာပြန်ဆိုချက်၊ "ဤအရာအားလုံးကို အစဉ်အမြဲ ရစေမည်"။