my_tn/zec/07/04.md

5.4 KiB

ပဉ္စမလ ... တွင်

အခြားသောဘာသာပြန်ဆိုချက်၊ ပဉ္စမလ တွင် (ရှု၊ [[rc:///ta/man/translate/translate-ordinal]] and [[rc:///ta/man/translate/figs-ellipsis]])

သတ္တမလတွင်

ဟေဗြဲလူမျိုးတို့သည် သူတို့ပြက္ခဒိန်ရှိ သတ္တမလ၏ ကာလအစိတ်အပိုင်းတွင် ငိုကြွေးမြည်တမ်းကြရခြင်းမှာ ဗာဗုလုန်ဘုရင်မှ ယုဒပြည်ကို အုပ်စိုးရန် ခန့်အပ်ထားသော ဘုရင်ခံ ဂေဒလိ အသတ်ခံရပြီးနောက် ထိုလတွင် ယေရုရှလင်မြို့၌ကျန်ခဲ့သော ဣသရေလလူမျိုးသည် အဲဂုတ္တပြည်သို့ ထွက်ပြေးတိမ်းရှောင်ရသောကြောင့် ဖြစ်သည်။ ထိုသတ္တမလသည် အနောက်တိုင်းပြက္ခဒိန်တွင် စက်တင်ဘာလ အနှောင်းပိုင်းနှင့် အောက်တိုဘာလ အဆန်းပိုင်း ကြားကာလတွင် ဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/translate-hebrewmonths]] and [[rc:///ta/man/translate/translate-ordinal]])

အနှစ်ခုနစ်ဆယ် ပတ်လုံး

ဣသရေလလူမျိုးသည် ဗာဗုလုန်တိုင်းပြည်တွင် နှစ်ပေါင်း ခုနစ်ဆယ် တိုင်အောင် ကျွန်ခံနေခဲ့ရသည်။ (ရှု၊ rc://*/ta/man/translate/translate-numbers)

စားသောက်သောအခါ၌လည်း

ဤစကားစု၏ဆိုလိုရင်းမှာ "သူတို့သည် ပွဲတော်များ၌ စားသောက်ကြရာတွင် ထာဝရဘုရားက မစချပေးတော်မူသည်ကို အောက်မေ့သတိရလျက် ကျေးဇူးတင်စွာ စားသောက်ကြသည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ငါ့အလိုရှိသည်အတိုင်း ငါ့အားအစာရှောင်ကြသလော။

ဤမေးခွန်းမှာ ဣသရေလ လူမျိုးတို့သည် ထာဝရဘုရား အလိုရှိသည့်အတိုင်း အစာရှောင်ခြင်း ဟုတ် မဟုတ် အပြစ်ရှာမေးခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့သည် ငါအလိုရှိသည့်အတိုင်း အစာမရှောင်ကြပါ"။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

စားသောက်သောအခါ၌လည်း ကိုယ်အလို အလျောက်စားသောက်ကြသည်မဟုတ်လော။

ဤမေးခွန်းမှာ ဣသရေလလူတို့သည် ပွဲတော်များကျင်းပရာ၌ ထာဝရဘုရားအား ကျေးဇူးတင်သော အားဖြင့် ပြုလုပ်ခြင်း ဟုတ် မဟုတ် အပြစ်ရှာမေးခြင်း ဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ထိုပွဲတော်တွင် သင်တို့အဘို့အတွက်သာ သင်တို့ စားသောက်ကြသည်"။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

ရှေးပရောဖက်တို့ဖြင့် ထာဝရဘုရားကြွေးကြော်တော်မူသော အမိန့်တော်

ဇာခရိက ထာဝရဘုရားသည် ရှေးပရောဖက်တို့၏ နုတ်ပါးစပ်တို့ကို အသုံးပြု၍ အမိန့်တော် ကို ပြောကြားခြင်းကို ရည်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-synecdoche)

မြေညီသော အရပ်၌ ... ထာဝရဘုရားကြွေးကြော်တော်မူသော အမိန့်တော် ပြည့်စုံပြီမဟုတ်လော။

ဤမေးခွန်းသည် ဖော်ပြချက်အနေဖြင့် ရေးသားနိုင်သည်။ "ထိုအမိန့်တော်သည် (အနောက်ရပ်ရှိ) မြေညီသောအရပ် တွင်လည်း ထပ်တူပင်ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

လူများသောကြောင့်

နေထိုင်ကြသော

မြေညီသော အရပ်

တောင်ပေါ်သို့ မသွားမှီ ညီသော မြေရှိရာ တောင်ကုန်းငယ်ကို ဆိုလိုသည်။