my_tn/sng/04/02.md

2.5 KiB

သင်၏သွားတို့သည်လည်း အမွေးညှပ်သော သိုးစုကဲ့သို့ဖြစ်ကြ၏

သိုးတို့သည် သူတို့၏ အမွေးရိတ်၍ ရေချိုးပြီးနောက်တွေ သူတို့အရေခွံသည် အဖြူသလိုဖြစ်သည်။ ဤ စကားစု သည် ထိုမိန်မငယ်၏ သွားဖြူဖွေးမူနှင့်နိူင်းယှဥ် ထားခြင်းဖြစ်သည်။

ရေချိုးရာမှ တက်လာသော

ဤ စာကြောင်းသည် သိုးများရေချိုးပြီး ရေမှထွက်လာသည်ဟု သွယ်ဝိုက်ညွှန်းဆိုထားသည်။ အခြားသောဘာသာပြန်ဆိုချက် _ လူများသည် ၎င်းတို့ကို ချိုးပြီးသောခါ ရေမှထွက်လာသည်ဟု ဖော်ပြထားသည်။( ရှု - rc://*/ta/man/translate/figs-simile)

တကောင်မျှမလျော့

ထိုမိန်းမ၏တဘက်၌ ရှိသော သွားအချောင်းတိုင်းသည် အခြားတဘက်ရှိသွားများနှင့် တစ်ထပ်တည်းဖြစ်သည်။ ထိုမိန်းမ၏ သွားများသည်တချောင်းမျှ မလျှော့ကြောင်းဖော်ပြသည်။

အမွှာသာ ဘွားတတ်ကြ၏

သိုးများသည် ထိုးစံအတိုင်း တစ်ခါမွေးတိုင်း နှစ်ကောင်စီမွေးလေ့ရှိသည်။ သိုးအမွှာသည် တကောင်နှင့်တကောင် တူလေ့ရှိသည်။ ထိုမိန်းမ၏တဘက်၌ ရှိသော သွားအချောင်းတိုင်းသည် အခြားတဘက်ရှိသွားများနှင့် တစ်ထပ်တည်းဖြစ်သည်။ ထိုကြောင့် သိုးအမွှာ နှင့်သည်ဟု ခိုင်းနိူင်းခြင်းဖြစ်သည်။( ရှု - rc://*/ta/man/translate/figs-simile)