my_tn/rom/14/22.md

3.7 KiB

သင်သည်...ကိုယ်အလိုအလျောက်

အနည်းကိန်းဖြစ်သည်။ ရှင်ပေါလုသည် ယုံကြည်သူများကို ပြောခြင်းဖြစ်သည်။ အများကိန်းအဖြစ်လည်း ဘာသာပြန်နိုင်သည်။ (ရှု၊ rc://*/ta/man/translate/figs-you)

ကိုယ်လက်ခံသောအမှုမှာ ကိုယ်ကိုမစစ်ကြော မစီရင်သောသူသည် မင်္ဂလာရှိ၏

မိမိပြုလုပ်ရန် ဆုံးဖြတ်ထားသည့်အရာအတွက် စိတ်ကြည်လင်သော သူများသည် မင်္ဂလာရှိ၏။

ယုံမှားသောသူသည် စားလျှင်၊ ယုံသောစိတ် မရှိဘဲ စားသောကြောင့် အပြစ်စီရင်ခြင်းကိုခံရ၏

အခြားသောဘာသာပြန်ဆိုချက်မှာ၊ "အချို့သော အစားအစာကို စားသင့်သည်၊ မစားသင့်သည်ကို လိပ်ပြာမသန့်ဘဲ စားသောသူကို ဘုရားသခင်သည် အပြစ်ရှိသည်ဟု ဆိုလိမ့်မည်' သို့မဟုတ် 'အချို့သော အစားအစာကို စားသင့်သည်၊ မစားသင်သည်ကို ဇဝေဇဝါဖြစ်၍ စားသောသူသည် စိတ်သောက ရောက်လိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ယုံသောစိတ် မရှိဘဲ

'ယုံသောစိတ်' မှ မလာသောအရာတိုင်းသည် ဘုရားသခင်သင့်ကို မလုပ်စေချင်သောအရာဖြစ်သည်။ ဤနေရာတွင် အဓိပ္ပါယ်အပြည့်အစုံကို အသေးစိတ်ရှင်းပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ဘုရားသခင်သည် သူ့ကို မစားစေလိုမှန်း သိလျှက်ပင် စားသောကြောင့် ဘုရားသခင်သည် သူ့ကို မှားယွင်းသည်ဟု ဆိုမည်ဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ယုံသောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ၏။

'ယုံသောစိတ်' မှ မလာသော အရာတိုင်းသည် ဘုရားသခင် သင့်ကို မလုပ်စေချင်သောအရာ ဖြစ်သည်။ ဤနေရာတွင် အဓိပ္ပါယ်အပြည့်အစုံကို အသေးစိတ်ရှင်းပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ဘုရားသခင်သည် မိမိအား လုပ်စေလိုသည်ဟု ယုံကြည်သော စိတ်မရှိသည့်အရာကိုပြုလုပ်လျှင် သင်သည်အပြစ်လုပ်ခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)