my_tn/rom/14/14.md

3.9 KiB

ငါသည်သခင်ယေရှုကို အမှီပြုလျက်သဘော ကျ၍ အမှန်သိ၏

ဤနေရာတွင် 'သိခြင်း' နှင့် 'သဘောကျ' တို့သည်အဓိပ္ပါယ်အတူတူဖြစ်သည်၊ သေချာမှုကို ထင်ရှားလေးနက်စေဖို့ရန် ရှင်ပေါလု သုံးထားခြင်းဖြစ်သည်။ အခြားသော ဘာသာပြန်ဆိုချက်မှာ၊ "သခင်‌ယေရှုနှင့်မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ငါသည် စိတ်ချမှုရှိသည်"(ရှု၊ rc://*/ta/man/translate/figs-doublet)

အဘယ်အစာမျှ ပကတိအတိုင်း မညစ်ညူး

အခြားသောဘာသာပြန်ဆိုချက်မှာ၊ "အရာအားလုံးသည် ပကတိအားဖြင့် သန့်ရှင်းသည်။" (ရှု၊ rc://*/ta/man/translate/figs-doublenegatives)

ပကတိအတိုင်း

'သဘာဝအတိုင်း' သို့မဟုတ် 'ဖြစ်သည် အတိုင်း'

သို့သော်လည်း၊ ညစ်ညူးသည်ဟု အကြင်သူသည်ထင်၏။ ထိုသူ၌ ညစ်ညူး၏

လူသည် ညစ်ညူးသည်ဟု ထင်သောအရာများမှ ဝေးဝေးနေသင့်သည်ဟု ရှင်ပေါလု ရည်ညွှန်းခြင်းဖြစ်သည်။ ဘာသာပြန်ဆိုရာတွင် ပို၍အသေးစိတ်ဖော်ပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "သို့သော်လည်း လူသည် တစ်စုံတစ်ခုကို ညစ်ညူးသည်ဟု ထင်လျှင်၊ သူ့အတွက် ညစ်ညူးသည်ဖြစ်၍ ၎င်းအရာမှ ဝေးဝေးနေသင့်သည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

သင်၏ညီအစ်ကိုသည် သင်စားသော အစာကြောင့် စိတ်နာရလျှင်

"သင်သည် အစားအစာကြောင့် သင်၏ ယုံကြည်သူညီအစ်ကိုချင်းကို နာကျင်စေလျှင်" 'သင်၏' ဟူသည့်စကားလုံးသည် ယုံကြည်ခြင်း အားကြီးသောသူများကိုဆိုလိုပြီး၊ 'ညီအစ်ကိုတို့' ဟူသည် ယုံကြည်ခြင်းအားနည်းသောသူများကို ရည်ညွှန်းသည်။

ညီအစ်ကို

ဤစကားလုံးသည် ယောကျာ်း၊ မိန်းမအပါအဝင် ယုံကြည်သူအားလုံးကို ဆိုလိုသည်။

သင်သည်မေတ္တာတရားကို မကျင့်

ရှင်ပေါလုသည် ယုံကြည်သူများ၏ အကျင့်စရိုက်များကို လမ်းလျှောက်ခြင်း (ကျင်လည်ခြင်း) ကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ထိုသို့ဖြစ်လျှင် သင်သည် ချစ်ခြင်းမေတ္တာကို ပြသသည် မဟုတ်တော့ပါ။" (ရှု၊ rc://*/ta/man/translate/figs-metaphor)