my_tn/rom/14/10.md

4.1 KiB

သင်သည် ညီအစ်ကိုချင်းကို အဘယ်ကြောင့် စစ်ကြောစီရင်သနည်း။ ညီအစ်ကိုချင်းကို အဘယ် ကြောင့် မထီမဲ့မြင်ပြုသနည်း

ဤမေးခွန်းများကို အသုံးပြုခြင်းအားဖြင့် ရှင်ပေါလုသည် သူ့စာဖတ်သူများတို့တွင် အချို့တို့ကို ပြောဆိုဆုံးမရန် လိုအပ်ကြောင်း ဖော်ပြခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "မိမိညီအစ်ကိုချင်းကို စီရင်ခြင်းသည် မှားယွင်းသည် နှင့် ညီအစ်ကိုချင်းကို အထင်သေးခြင်းသည် မှားယွင်းသည်" သို့မဟုတ် "မိမိညီအစ်ကိုချင်းကိုစီရင်ခြင်း နှင့်အထင်သေးခြင်းကို ရပ်တန့်လော့။" (ရှု၊ rc://*/ta/man/translate/figs-you)

ညီအစ်ကို

ဤနေရာတွင် 'ညီအစ်ကို' ဟူ သည် ယောကျာ်း၊ မိန်းမ အပါအဝင် ယုံကြည်သူများကို ဆိုလိုသည်။

ငါတို့ရှိသမျှသည် ခရစ်တော်၏ တရားပလ္လင်တော်ရှေ့သို့ ရောက်ရကြမည်

တရားပလ္လင်တော်သည် ဘုရားသခင်၏ တရားစီရင်ပိုင်ခွင့်အာဏာကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ဘုရားသခင်သည် ငါတို့အားလုံးကိုတရားစီရင်တော်မူမည် ဖြစ်သောကြောင့်။" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ကျမ်းစာလာသည်ကား

အခြားသောဘာသာပြန်ဆိုချက်မှာ၊ "တစ်စုံတစ်ယောက်သည် ကျမ်းစာ၌ ရေးထားသည်ကား" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ငါအသက်ရှင်တော်မူသည်ဖြစ်၍

ဤစကားစုသည် ကျိန်ဆိုခြင်း သို့မဟုတ် လေးနက်သော ကတိတော် ကိုအစပြုဖို့ရန် သုံးထားသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ဤအရာသည် မှန်ကန်ကြောင်းကို သင်စိတ်ချ၍ ရသည်။ (ရှု၊ rc://*/ta/man/translate/figs-explicit)

ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်။ ဘုရားသခင်အားလူတိုင်းမိမိနှုတ်နှင့် သစ္စာခံရမည်

ရှင်ပေါလုသည် 'ဒူး' နှင့် 'နှုတ် (လျှာ)' များကို လူပုဂ္ဂိုလ်တစ်ဦးလုံးကို ရည်ညွှန်းရန် အသုံးပြုထားသည်။ ထပ်၍၊ သခင်ဘုရားသည် သူ့ကိုယ်သူရည်ညွှန်းရန် 'ဘုရားသခင်' ဟုသုံးသည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "လူတိုင်းသည် ငါ့ထံသို့ ဦးညွတ်မည်၊ ငါ့ကို ချီးမွမ်းမည်။" (ရှု၊ [[rc:///ta/man/translate/figs-synecdoche]] and [[rc:///ta/man/translate/figs-123person]])