my_tn/rom/14/01.md

1.8 KiB

ဆက်စပ်မှုဖော်ပြချက်

ရှင်ပေါလုက ယုံကြည်သူများကို သူတို့သည်ဘုရားသခင်ထံ တာဝန်ရှိကြောင်း သတိရစေဖို့ရန် အားပေးခြင်း ဖြစ်သည်။

ယုံကြည်အားနည်းသော

ဤစကားသည် အချို့အရာများကို စားသောက်ခြင်းကြောင့် မိမိကိုယ်ကိုအပြစ်ရှိသည်ဟု ထင်မြင်သူများကို ရည်ညွှန်းသည်။

ယုံမှားဘွယ်သော ပြဿနာတို့ကို ထိုသူနှင့်မဆွေးနွေးကြနှင့်

သူတို့၏ ထင်မြင်ချက်များအတွက် သူတို့ကို အပြစ်မပေးကြနှင့်။

အစာအမျိုးမျိုးကို စားအပ်သည်ဟု လူအချို့ယုံ၏

ဤနေရာတွင် 'ယုံ' (ယုံကြည်ခြင်း) သည် ဘုရားသခင်ပြုလုပ်စေသည်ဟု တစ်စုံတစ်ယောက် ယုံကြည်သည့်အရာကို ရည်ညွှန်းသည်။

အားနည်းသောသူမူကား၊ ဟင်းသီးဟင်းရွက်ကိုသာစား၏။

တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်လာလျှင် အသားကို စားရမည်ဟု တိုက်တွန်းမည်မဟုတ်ကြောင်း ဆိုလိုသည်။