my_tn/rom/11/28.md

3.4 KiB

ဧဝံဂေလိတရားအားဖြင့်မူကား

ဘုရားသခင်သည် ယေရှုကို ငြင်းပယ်ကြသောကြောင့် ယုဒလူမျိုးများကို ရန်သူများကဲ့သို့ သဘောထားဆက်ဆံကြောင်း အသေးစိတ်ရှင်းပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒလူမျိုးများသည် ခရစ်တော်၏ သတင်းကောင်းကို ငြင်းပယ်ကြသောကြောင့်။" (UDB) (ရှု၊ rc://*/ta/man/translate/figs-explicit)

သူတို့သည် သင်တို့အကြောင်းကြောင့် ရန်သူဖြစ်ကြ၏။

တပါးအမျိုးသားများအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ကြီးမားလှ၍ နှိုင်းယှဉ်ပါက ယုဒလူမျိုးများအပေါ်ချစ်ခြင်းမေတ္တာသည် အမုန်းကဲ့သို့ပင် ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-hyperbole)

ဘိုးဘေးများအကြောင်းကြောင့် ချစ်သူဖြစ်ကြ၏

အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ ဘိုးဘေးများအား ပေးခဲ့သော ကတိတော်များကြောင့် ဘုရားသခင်သည် သူတို့ကို ချစ်သေးသည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် ပေးသနားတော်မူခြင်း၊ ခေါ်ထားတော်မူခြင်း ကျေးဇူးသည် ဖောက်ပြန်ခြင်းသဘောမရှိ၊

ရှင်ပေါလုသည် ဝိညာဉ်ကောင်းကြီးနှင့် ကာယကောင်းကြီးများကို သူ့လူများအားပေးရန် ကတိပေးထားသော လက်ဆောင်များအလား ပြောဆိုခြင်းဖြစ်သည်။ ဘုရား သခင်၏ ခေါ်ထားတော်မူခြင်းသည် ဘုရားသခင်သည် ယုဒလူမျိုးများကို မိမိလူအဖြစ်ခေါ်တော်မူခြင်းကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် မိမိလူများကို ပေးမည်ဟု ကတိပေးထားသောအရာနှင့် သူတို့ကို မိမိလူအဖြစ်ခေါ်တော်မူခြင်းအပေါ်တွင် စိတ်တော်ပြောင်းလဲခြင်း မရှိသောကြောင့်ဖြစ်သည်။" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-explicit]])