my_tn/rom/11/26.md

3.4 KiB

ဆက်စပ်မှုဖော်ပြချက်

ဘုရားသခင်၏ ဘုန်းတော်အတွက် ကယ်တင်သောသူသည် ဣသရေလလူမျိုးအထဲမှ လာမည်ဟု ရှင်ပေါလု ဆိုသည်။

ဣသရေလလူ အပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။

ရှင်ပေါလုသည် ဤနေရာတွင် အကြမ်းဖျင်းခြုံငုံ၍ ပြောဆိုခြင်းဖြစ်သည်။ ဣသရေလနိုင်ငံရှိ လူများအားလုံးကယ်တင်ခြင်းသို့ ရောက်မည်ဟု ဆိုလိုခြင်းမဟုတ်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလနိုင်ငံထဲမှ လူအများကို ဘုရားသခင် ကယ်တင်လိမ့်မည်။" (ရှု၊ [[rc:///ta/man/translate/figs-hyperbole]] and [[rc:///ta/man/translate/figs-activepassive]])

ထိုသို့ကျမ်းစာနှင့်အညီ

အခြားသောဘာသာ ပြန်ဆိုချက်၊ "ကျမ်းစာတွင် ရေးသားထားသည်နှင့်အညီ။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဇိအုန်တောင်၌

ဇိအုန်တောင်သည် ဘုရားသခင် ကျိန်းဝပ်တော်မူရာ နေရာကို ဆိုလိုသည့် စကားလုံးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ယုဒလူများနှင့်တည်ရှိရာအရပ်မှ။" (UDB) (ရှု၊ rc://*/ta/man/translate/figs-metonymy)

ကယ်လွှတ်သောသခင်

မိမိလူများကို ကယ်လွှတ်သောသူ (UDB)

မတရားသော အမှုကို လွှဲတော်မူလတံ့

မတရားသောအမှုသည် ဖယ်ရှား၍ ရသောအရာဝတ္ထုတစ်ခုခုကဲ့သို့၊ တစ်စုံတစ်ယောက်သည် အဝတ်ကိုဖယ်ရှားသကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

ယာကုပ်အမျိုးသားတို့မှ

ယာကုပ် သည် ဣသရေလလူမျိုးကို ရည်ညွှန်းသည့်စကားလုံးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလ လူမျိုးများမှ။" (UDB) (ရှု၊ rc://*/ta/man/translate/figs-metonymy)

သူတို့အပြစ်များကို ငါပယ်ရှင်း

ရှင်ပေါလုသည် 'အပြစ်' ကို ဖယ်ရှား၍ရသော အရာဝတ္ထုများကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)