my_tn/rom/11/25.md

3.5 KiB

မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။

အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် သင်တို့ကိုအလွန်သိစေလိုသည်။" (ရှု၊ rc://*/ta/man/translate/figs-doublenegatives)

ညီအစ်ကိုတို့

'ညီအစ်ကိုတို့' သည် ယောကျာ်း၊ မိန်းမအပါအဝင် ယုံကြည်သူအားလုံးကို ဆိုလိုသည်။

ငါ

နာမ်စားဖြစ်သော 'ငါ' သည် ရှင်ပေါလုကို ရည်ညွှန်းသည်။

သင်တို့..သင်တို့..သင်တို့၏

နာမ်စားဖြစ်သော 'သင်တို့.. သင်တို့.. သင်တို့၏' တို့သည် တပါးအမျိုးသားယုံကြည်သူများကို ရည်ညွှန်းသည်။

သင်တို့သည် ဝါကြွားသောစိတ်မရှိစေမည်အကြောင်း

ရှင်ပေါလုသည် တပါးအမျိုးသားယုံကြည်သူများကို သူတို့သည် မယုံကြည်သူယုဒလူမျိုးများထက် ပညာရှိသည်ဟု မထင်စေလို။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ကိုယ်သင်တို့ ပညာရှိသည်ထက် သာ၍ရှိသည်ဟု မထင်စေဖို့အလိုငှါ။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ဣသရေလလူအချို့တို့ကို မှောင်မိုက်ဖုံးလွှမ်းခြင်း

မှောင်မိုက်ဖုံးလွှမ်းခြင်း(မာကျောစေခြင်း) သို့မဟုတ် စိတ်ခိုင်မာခြင်းသည် ကာယခန္ဓာကိုယ်ကို အစိတ်အပိုင်းများကို မာကျောစေခြင်းကဲ့သို့ ပြောဆိုသည်။ ယုဒလူမျိုးအချို့တို့သည် ယေရှုအားဖြင့်ရရှိသော ကယ်တင်ခြင်းကို လက်မခံကြ။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလလူများစွာသည် ဆက်လက်၍ စိတ်ခိုင်မာကြသည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

တပါးအမျိုးသားအပေါင်း တို့သည် မဝင်မှီတိုင်အောင်၊

တိုင်အောင် ဟူသည့်စကားလုံးသည် ဘုရားသခင်သည်တပါးအမျိုးသားများကို ဗိမန်တော် (ဘုရားကျောင်း) ထဲသို့ယူဆောင်လာပြီးနောက်ပိုင်းတွင် ယုဒလူမျိုးအချို့တို့သည် ယုံကြည်လာလိမ့်မည်ဟု သွယ်ဝိုက်ရည်ညွှန်းခြင်းဖြစ်သည်။