my_tn/rom/11/23.md

4.6 KiB

သူတို့သည်မယုံကြည်သောစိတ်ပျောက်လျှင်

'သူတို့သည်မယုံကြည်သောစိတ်ပျောက်လျှင်' သည် အင်္ဂလိပ်တွင် 'သူတို့မယုံကြည်ခြင်းတွင် ဆက်မသွားပါက" ဟုရှိပြီး ဤစကားစုသည် နှစ်ဆအငြင်းဖြစ်သည်။ အဟုတ်ဝါကျအဖြစ်ဘာသာပြန်နိုင်သည် (မြန်မာတွင် အဟုတ်ဝါကျဖြစ်ပြီးသားဖြစ်သည်)။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒလူမျိုးများသည် ခရစ်တော်၌စတင်ယုံကြည်လျှင်။ (ရှု၊ rc://*/ta/man/translate/figs-doublenegatives)

အပင်၌တဖန် ဆက်၍စိုက်သောအခွင့်ကို ရကြလိမ့်မည်

ရှင်ပေါလုသည် ယုဒလူများကို ခရစ်တော်၌ ယုံကြည်လာပါကအပင်ထံသို့ပြန်စိုက်နိုင်သော အခက်များကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သူတို့ကို ပြန်စိုက်လိမ့်မည်။" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])

စိုက်

'စိုက်ခြင်း' သည် အပင်တစ်ပင်၏အကိုင်းတစ်ခုကို အခြားအပင်တစ်ခုထဲသို့ ၎င်းအပင်ထဲတွင် ဆက်လက်အသက်ရှင်ကြီးထွားဖို့ရန် ထည့်သွင်းခြင်း သာမန်ဖြစ်စဉ်ဖြစ်သည်။

အဘယ်သို့နည်းဟူမူကား၊ ပကတိရိုင်းသော သံလွင်ပင်မှ သင့်ကိုခုတ်ယူ၍၊ ကောင်းသော သံလွင်ပင်၌ ပကတိကို မလိုက်ဘဲ ဆက်၍စိုက်သည် မှန်လျှင်၊ ပကတိအခက်ဖြစ်သော ထိုသူတို့သည် မိမိတို့ သံလွင်ပင်၌ ဆက်၍စိုက်သောအခွင့်ကို သာ၍ရကြမည် မဟုတ်လော

ရှင်ပေါလုသည် ယုဒလူမျိုးများနှင့် တပါးအမျိုးသားများကို သစ်ကိုင်းသစ်ခက်များကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သင့်ကို ပကတိရိုင်းသော သံလွင်ပင်မှ ခုတ်ယူ၍ ကောင်းသော သံလွင်ပင်၌ ပကတိကို မလိုက်ဘဲ ဆက်၍စိုက်သည် မှန်လျှင်၊ ပကတိအခက်ဖြစ်သော ယုဒလူမျိုးတို့သည် မိမိတို့ သံလွင်ပင်၌ ဆက်၍စိုက်သောအခွင့်ကို သာ၍ရကြမည် မဟုတ်လော" (ရှု၊ [[rc:///ta/man/translate/figs-metaphor]] and [[rc:///ta/man/translate/figs-activepassive]])

အခက်များ

ရှင်ပေါလုသည် ယုဒလူများနှင့်တပါးအမျိုးသားများကို 'သစ်ခက်များ' ကဲ့သို့ပြောခြင်းဖြစ်သည်။ ပကတိအခက်များသည် ယုဒလူမျိုးများ၊ စိုက်သောအခက်များသည် တပါးအမျိုးသားယုံကြည်သူများအား ပုံဆောင်သည်။ (ရှု၊ rc://*/ta/man/translate/figs-metaphor)

သူတို့...သူတို့ကို

ဤစကားလုံးများသည် ယုဒလူမျိုးများကို ရည်ညွှန်းသည်။