my_tn/rom/11/11.md

3.8 KiB

ဆက်စပ်မှုဖော်ပြချက်

ယုဒလူမျိုးတို့သည် ဘုရားသခင်ကို ငြင်းပယ်သကဲ့သို့ တပါးအမျိုးသားများ အလားတူ အမှားမျိုး မကျူးလွန်မိဖို့ရန် ရှင်ပေါလု သတိပေးသည်။

ဣသရေလလူတို့သည်လဲ၍ နေရသည်တိုင်အောင် ထိမိကြပြီလော

ရှင်ပေါလုသည် အလေးပေးမှုကို ဖော်ပြရန် ဤမေးခွန်းကို သုံးသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့ပြစ်မှားကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ထာဝရငြင်းပယ်ပြီလော။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

လဲ၍မနေရကြ

ထိုအရာသည်မဖြစ်နိုင် သို့မဟုတ် လုံးဝမဟုတ်။ အရှေ့တွင်ပြောခဲ့သည့်အရာသည် လုံးဝမဖြစ်နိုင်ကြောင်းငြင်းဆိုခြင်းဖြစ်သည်။ ဤနေရာတွင် အသုံးပြုနိုင်မည့် အသုံး အနှုန်း သင့်ဘာသာစကားတွင် ရှိနိုင်သည်။ အခန်း ၉:၁၄ ကိုဘယ်လိုဘာသာပြန်ကြောင်း ကြည့်ပါ။

သူတို့၏စိတ်ကို နှိုးဆော်စရာအကြောင်း

ဤစကားစုကို အခန်း ၁၀:၁၉ ဘာသာပြန်သကဲ့သို့ ဘာသာပြန်ပါ။

သူတို့၏လဲခြင်းအရာသည် လောကီသားတို့၏ စီးပွါးကို၎င်း၊ သူတို့၏ရှုံးခြင်းအရာသည်တပါး အမျိုးသား တို့၏ စီးပွါးကို၎င်း ပြုစုလျှင်

ဤစကားစုနှစ်ခုသည် အခြေခံအားဖြင့် တူညီသောအဓိပ္ပါယ်ရှိသည်။ လိုအပ်ပါက တစ်ကြောင်းတည်းနဲ့လည်း ဘာသာပြန်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ယုဒလူမျိုးများ၏ မယုံကြည်ခြင်း ရလဒ်အနေဖြင့် ဘုရားသခင်သည် ယုဒလူမျိုးမဟုတ်သူများကို ကြွယ်ဝစွာကောင်းကြီးပေးသည်။" (ရှု၊ rc://*/ta/man/translate/figs-doublet)

လောကီသားတို့၏ စီးပွါး

ယုဒလူမျိုးတို့သည် ခရစ်တော်ကို ငြင်းဆန်သဖြင့် ခရစ်တော်ကို လက်ခံရရှိရန် အခွင့်ပေးခြင်း၍ ဘုရားသခင်သည် တပါးအမျိုးသားများကို ကောင်းကြီးပေးသည်။

လောကီသားတို့

လောကတွင် အသက်ရှင်နေထိုင်သော လူသားများအားလုံး၊ အထူးသဖြင့် တပါးအမျိုးသားများကို ကိုယ်စားပြုသည့် စကားလုံးဖြစ်သည်။