my_tn/rom/11/01.md

4.7 KiB

ဆက်စပ်မှုဖော်ပြချက်

ဣသရေလတစ်မျိုးသားလုံးသည် ဘုရားသခင်ကိုငြင်းဆန်ကြသော်လည်း၊ ဘုရားသခင်သည် အကျင့်တရားအားဖြင့်မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့်သာ ကယ်တင်ခြင်းရကြောင်း သူတို့ကို နားလည်စေလိုသည်။

သို့ဖြစ်လျှင်...ငါဆိုရ၏

ငါ ပေါလု ဆိုသည်မှာ

ဘုရားသခင်သည် မိမိလူမျိုးကို ပယ်တော်မူပြီလော

ယုဒလူများ၏ စိတ်ကို ခိုင်မာစေပြီးနောက် ဘုရားသခင်သည် မိမိလူများတွင် တပါးအမျိုးသားများအားထည့်သွင်းခြင်းကြောင့် မကျေနပ်သော ယုဒလူများ၏ မေးခွန်းများကို ဖြေနိုင်ဖို့ရန် ဤမေးခွန်းကိုမေးခြင်းဖြစ်သည်။ (ရှု: rc://*/ta/man/translate/figs-rquestion)

ပယ်တော်မမူ

"ထိုအရာသည် မဖြစ်နိုင်" သို့မဟုတ် "လုံးဝမဟုတ်" ဤဖော်ပြချက်သည် ဒီအရာလုံးဝမဖြစ်နိုင်ကြောင်း ငြင်းဆိုခြင်းဖြစ်သည်။ ဒီနေရာတွင် အသုံးပြုနိုင်မည့် အသုံးအနှုန်းသင့်ဘာသာစကားတွင် ရှိကောင်းရှိမည်။ အခန်း ၉:၁၄ ကိုဘယ်လိုဘာသာပြန်ကြောင်း ကြည့်ပါ။

ဗင်္ယာမိန် အနွယ်

ဘုရားသခင် ခွဲထားသော ဣသရေလလူမျိုး ၁၂ မျိုးမှ၊ တစ်မျိုးဖြစ်သော ဗင်္ယာမိန်မှ ဆင်းသက်လာသည့် မျိုးနွယ်များကို ရည်ညွှန်းသည်။

အထက်က သိမှတ်တော်မူသော

ရှေးမဆွက သူသိနှင့်သောသူများ

ပရောဖက်ဧလိယက၊ အိုထာဝရဘုရား၊ သူတို့သည်ကိုယ်တော်၏ ပရောဖက်များကို သတ်ကြပါပြီ။ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက် ကြပါပြီ။ အကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အကျွန်ုပ် အသက်ကိုပင် ရှာကြပါ၏ဟု ဘုရားသခင်ရှေ့မှာ ဣသရေလအမျိုးတဘက်၌လျှောက်ထားသည်ဟု ကျမ်းစာ၌ ပါသော အကြောင်းကိုသင်တို့သည် မသိကြသလော

အခြားသောဘာ သာပြန်ဆိုချက်၊ "ဣသရေလလူများကြောင့် ဧလိယသည် ဘုရားသခင်ထံ တိုးလျှိုးတောင်းပန်မှုကို ကျမ်းစာမည်ကဲ့သို့ မှတ်တမ်းတင်ထားသည်ကို သင်တို့ သိသည်။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ကျမ်းစာ၌ ပါသော အကြောင်း

ရှင်ပေါလုသည် ကျမ်းစာကို စကားပြောတတ်သည့်အလား ရည်ညွှန်းပြောဆိုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-personification)

သူတို့သည်... သတ်ကြပါပြီ

'သူတို့' သည် ဣသရေလလူများကို ရည်ညွှန်းသည်။

အကျွန်ုပ်တယောက်တည်းကျန်ရစ်

နာမ်စား 'အကျွန်ုပ်' သည် ဧလိယ ကို ရည်ညွှန်းသည်။

အကျွန်ုပ် အသက်ကိုပင် ရှာကြပါ၏

ငါ့ကို သတ်ရန် ဆန္ဒရှိကြသည်။