my_tn/rom/10/19.md

3.5 KiB

တဖန်ငါဆိုသည်ကား၊ ဣသရေလလူတို့သည် ဤအမှုကို မသိကြသလော

ရှင်ပေါလုသည် လေးနက်စေဖို့ရန်အတွက် မေးခွန်းကို သုံးသည်။ "ဣသရေလလူတို့" သည် ဣသရေလနိုင်ငံရှိလူများကို ကိုယ်စားပြုသည့် စကားလုံးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သင်တို့ကို ငါတဖန်ပြောမည်၊ ယုဒလူမျိုးတို့သည် သတင်းကောင်းကို အမှန်ကြားကြပြီးပြီ။" (ရှု၊ [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-metonymy]])

မောရှေက... ငြူစူသောစိတ်ရှိစေခြင်းငှါ၎င်း၊ စိတ်ဆိုးစေခြင်းငှါ ၎င်း၊ သင်တို့ကို ငါပြုမည်ဟု ရှေ့ဦးစွာ ဆို၏

ဆိုလိုသည်မှာ မောရှေသည် ဘုရားသခင် ပြောသည့်အရာများကို ရေးချခဲ့သည်။ "ငါ" သည် ဘုရားသခင်ကို ရည်ညွှန်း ပြီး၊ "သင်တို့" သည် ဣသရေလလူမျိုးများကိုရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သင်တို့ကို ငြူစူသော စိတ်ရှိစေမည်....ဘုရားသခင်သည် သင်တို့ကို စိတ်ဆိုးစေခြင်းငှါ ပြုမည်ဟု ရှေးဦးစွာ မောရှေ ပြောခြင်းဖြစ်သည်။" (ရှု၊ [[rc:///ta/man/translate/figs-you]] and [[rc:///ta/man/translate/figs-quotations]])

မရေရသော လူမျိုးအားဖြင့်

နိုင်ငံဟု သင်တို့ မထင်သော သူများအားဖြင့် (UDB) သို့မဟုတ် နိုင်ငံမရှိသော လူမျိုးများဖြင့်။

ပညာမရှိသောလူမျိုးအားဖြင့်

"ပညာမရှိသော" သည် ဘုရားသခင်ကိုမသိခြင်းကိုဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ့ကို မသိသော သို့မဟုတ် ငါ့ပညတ်တော်များကို မသိသော လူမျိုးများနေထိုင်သော နိုင်ငံဖြင့်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ငါသည် သင်တို့ကို စိတ်ဆိုးစေခြင်းငှါ

"ငါသည် သင်တို့ကို ငါစိတ်ဆိုးစေမည်" သို့မဟုတ် "ငါသည် သင်တို့ကို စိတ်ဆိုးစေခြင်းငှါ ပြုမည်"

သင်တို့

ဣသရေလနိုင်ငံကို ရည်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-you)