my_tn/rom/10/18.md

2.8 KiB

သို့ရာတွင် လူအပေါင်းတို့သည် မကြားရကြပြီလော။ အမှန်ကြားရကြပြီ

ရှင်ပေါလုသည် လေးနက်စေဖို့ရန်အတွက် မေးခွန်းကိုသုံးသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သို့သော်လည်း ယုဒလူတို့သည် ခရစ်တော်အကြောင်း သတင်းစကားကို ကြားရကြပြီ။" (ရှု၊ [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-quotations]])

သူတို့၏အသံသည်မြေတပြင် လုံး၌ နှံပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက်လေပြီ

ဤနှစ်ခုလုံးသည် တူညီသောအဓိပ္ပါယ်ရှိပြီး လေးနက်စေဖို့ရန်အတွက် ရှင်ပေါလုသည် ၎င်းတို့ကိုသုံးခြင်းဖြစ်သည်။ "သူတို့၏" သည် နေ၊ လ နှင့် ကြယ်များကိုရည်ညွှန်းသည်။ ဤနေရာတွင် သူတို့ကို ဘုရားသခင်အကြောင်း သယ်ဆောင်သော လူသားသတင်းသယ်ဆောင်သူများအဖြစ် ဖော်ပြထားသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ တည်ရှိခြင်းသည် ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုန်းတော်ကို ပြသသည်။ ဤနေရာတွင် ရှင်ပေါလု ကျမ်းစာ ကိုးကားထားခြင်းကိုလည်း ရှင်းပြနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ကျမ်းစာလာသည်ကား နေ၊ လ နှင့်ကြယ်တို့သည် ဘုရားသခင်၏ တန်ခိုးတော်သက်သေများဖြစ်ပြီး၊ လောကလူသားများ အားလုံးသည် ၎င်းတို့ကိုမြင်၍ ဘုရားသခင်နှင့် ပတ်သက်သော အမှန်တရားကို သိကြသည်။" (ရှု၊ [[rc:///ta/man/translate/figs-parallelism]] and [[rc:///ta/man/translate/figs-personification]] and rc://*/ta/man/translate/figs-explicit)