my_tn/rom/09/32.md

4.0 KiB

အဘယ်ကြောင့် မမှီကြသနည်း

ဤစကားသည် ဝါကျတွင်းစာကြောင်းမြှပ်နှံထားခြင်းဖြစ်သည်။ ဘာသာပြန်ရာတွင် ဆိုလိုရင်းကို ထည့်နိုင်သည်။ သူ့စာဖတ်သူများ၏ အာရုံကို ဖမ်းဖို့ ရှင်ပေါလုသည် ဤမေးခွန်းမေးခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အဘယ်ကြောင့်သူတို့ ဖြောင့်မတ်ခြင်းကို မရနိုင်သနည်း" (ရှု၊ [[rc:///ta/man/translate/figs-ellipsis]] and [[rc:///ta/man/translate/figs-rquestion]])

အကျင့်အားဖြင့်သာ

ဘုရားသခင်ကိုကျေနပ်စေဖို့ရန် လူများပြုလုပ်သောအရာများကိုရည်ညွှန်းသည်။ ဘာသာပြန်ရာတွင်ဆိုလိုရင်းကို ထည့်နိုင်သည်။ သူ့စာဖတ်သူများ၏ အာရုံကို ဖမ်းဖို့ ရှင်ပေါလုသည် ဤမေးခွန်းမေးခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်ကို ကျေနပ်စေမည့်အရာများကို ပြုလုပ်ခြင်းအားဖြင့် သို့မဟုတ် ပညတ်တော်ကို လိုက်လျှောက်ခြင်း အားဖြင့်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ကျမ်းစာ၌လာသည်ကား

ဟေရှာယ ရေးထားသည့်စာဟု ယူဆနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ပရောဖက်ဟေရှာယ ရေးထားခဲ့သည်အတိုင်း။" (ရှု၊ [[rc:///ta/man/translate/figs-explicit]] and [[rc:///ta/man/translate/figs-activepassive]])

ဇိအုန်တောင်ပေါ်မှာ

ဇိအုန် သည် ဣသရေလလူများကို ရည်ညွှန်းသည့် ကိုယ်စားပြုစကားလုံးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဣသရေလတွင်" (ရှု၊ rc://*/ta/man/translate/figs-metonymy)

ထိမိ၍ လဲစရာ ကျောက်၊ မှားယွင်းစရာကျောက်

ဤစကားစုနှစ်ခုလုံးသည် အခြေခံအားဖြင့် တူညီသော အဓိပ္ပါယ်ရှိပြီး ယေရှုနှင့် လက်ဝါးကပ်တိုင်ပေါ် သူ၏သေခြင်းကို ရည်ညွှန်းသည့် စကားလုံးများဖြစ်သည်။ လူများတို့သည် ယေရှု လက်ဝါးကပ်တိုင်ပေါ် အသေခံခြင်းကိုစဉ်းစားပြီး ရွံရှာကြောက်ရွံ့သဖြင့် ကျောက်ပေါ် ထိမိ၍လဲသကဲ့သို့ ဖြစ်သည်။ (ရှု၊ [[rc:///ta/man/translate/figs-doublet]] and [[rc:///ta/man/translate/figs-metaphor]])

ထိုကျောက်ကို အမှီပြုသောသူ

ကျောက်သည် လူအစား အသုံးပြုခြင်းဖြစ်သောကြောင့် "ထိုသူကိုယုံကြည်သောသူ" ဟု ဘာသာပြန်ဖို့ လိုလိမ့်မည်။