my_tn/rom/09/27.md

3.1 KiB

ကြွေးကြော်

အော်ခေါ်သည်။

သမုဒ္ဒရာသဲလုံး

ရှင်ပေါလုသည် ဣသရေလလူများ အရေအတွက်ကို သမုဒ္ဒရာသဲလုံးနှင့် နှိုင်းယှဉ်ထားသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ရေတွက်ရန် များလွန်းသော။" (ရှု၊ rc://*/ta/man/translate/figs-simile)

ကယ်တင်တော်မူခြင်းသို့ ရောက်ကြလိမ့်မည်

ရှင်ပေါလုသည် "ကယ်တင်တော်မူခြင်း" ကို ဝိညာဉ်ပိုင်းတွင် အသုံးပြုခြင်းဖြစ်သည်။ ဘုရားသခင်သည် လူတစ်ယောက်ကို ကယ်တင်လျှင် ယေရှု၏ လက်ဝါးကပ်တိုင်ပေါ် အသေခံခြင်းကို သူတို့ယုံကြည်ခြင်းအားဖြင့် အပြစ်အတွက် ပြစ်ဒဏ်မှ ဘုရားသခင်သည် သူတို့ကို ခွင့်လွှတ်သည်၊ ကယ်တင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ကယ်တင်လိမ့်မည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ငါတို့၌..ငါတို့

ငါတို့၌..ငါတို့ ဟူသည့် စကားလုံးများသည် ဟေရှာယနှင့် ဣသရေလလူများကို ရည်ညွှန်းသည်။ (ရှု၊ rc://*/ta/man/translate/figs-inclusive)

ငါတို့သည်သောဒုံမြို့ကဲ့သို့ ဖြစ်၍ ဂေါမောရမြို့နှင့် တူကြပြီ

ဣသရေလလူမျိုးများသည် မည်မျှလောက် သောဒုံမြို့ နှင့် ဂေါမောရမြို့ကဲ့သို့ ဖြစ်ခဲ့ကြမည်ကို ထပ်၍ ရှင်းပြနိုင်သည်။ ပြုလုပ်သူကို ဦးစားပေး၍ ဘာသာပြန်နိုင်သည်။ အခြားသော ဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် သောဒုံမြို့ နှင့် ဂေါမောရမြို့များကို ဖျက်ဆီးသကဲ့သို့ ငါတို့ကို ဖျက်ဆီးလိုလျှင် ဖျက်ဆီးနိုင်သည်။" (ရှု၊ [[rc:///ta/man/translate/figs-explicit]] and [[rc:///ta/man/translate/translate-names]] and [[rc:///ta/man/translate/figs-simile]] and [[rc:///ta/man/translate/figs-activepassive]])