my_tn/rom/09/25.md

2.3 KiB

ဆက်စပ်မှုဖော်ပြချက်

ဤအပိုင်းတွင် ရှင်ပေါလုသည် ဣသရေလနိုင်ငံတစ်ခုလုံး၏ ယုံကြည်မှု ကင်းမဲ့မည့်အကြောင်းကို ပရောဖက်ဟောရှေအားဖြင့် မည်သို့ ကြိုတင်ဟောထားသည်ကို ရှင်းပြသည်။

ဟောရှေ

ဟောရှေသည် ပရောဖက်တစ်ပါး ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/translate-names)

ငါ၏ လူမဟုတ်သော သူကိုငါ၏လူဟူ၍ ငါခေါ်မည်

ငါ၏ လူမဟုတ်ခဲ့ဖူးသော သူများကို ငါ၏ လူအဖြစ် ငါရွေးချယ်မည်။

(သူမ၏) မချစ်သော သတို့သမီးကိုလည်း အချစ်ဟူ၍

"သူမ၏" သည် ဣသရေလနိုင်ငံကို ပုံဆောင်သော ဟောရှေ၏ မိန်းမ ဂေါမာကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါ မချစ်ခဲ့သော သူမကို ငါချစ်သောသူအဖြစ် ငါ ရွေးချယ်မည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

အသက်ရှင်တော်မူသော ဘုရား သခင်၏သား

အသက်ရှင်တော်မူသော ဟူသည့်စကားသည် ဘုရားသခင်သည် အခြားမှားယွင်းသော ရုပ်တုဘုရားများကဲ့သို့ မဟုတ်ဘဲ၊ တစ်ပါးတည်း စစ်မှန်သောဘုရားဖြစ်ကြောင်းကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "တစ်ပါးတည်း စစ်မှန်သောဘုရားသခင်၏ သားများ။" (UDB)