my_tn/rom/09/03.md

3.5 KiB

အကြောင်းမူကား၊ ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ်သော ငါ့ညီအစ်ကိုတို့အတွက်၊ ငါသည်ကိုယ်တိုင် ခရစ်တော်နှင့်ခွါ၍ ကျိန်ခြင်း ကိုခံချင်လောက်အောင် စိတ်ရှိ၏

အခြားသောဘာသာပြန်ဆိုချက်၊ "ငါ၏ လူမျိုးများဖြစ်သော ဣသရေလလူမျိုးများ ခရစ်တော်ကို ယုံကြည်ဖို့အတွက် အကူအညီ ဖြစ်မည်ဆိုပါက ဘုရားသခင်သည် ငါ့ကို ခရစ်တော်နှင့် ကင်းကွာစေ၍၊ ဘုရားသခင်၏ ကျိန်ခြင်းခံဖို့လည်း ငါအလိုရှိသည်။" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ညီအစ်ကိုတို့

ဤနေရာတွင် ညီအစ်ကိုတို့ သည် ယောကျာ်း၊ မိန်းမအားလုံး ပါဝင်သော ယုံကြည်သူများကို ဆိုလိုသည်။

ထိုသူတို့သည် ဣသရေလလူဖြစ်

ထိုသူတို့သည်လည်း ငါကဲ့သို့ပင် ဣသရေလလူများဖြစ်၍ ဘုရားသခင်သည် ယာကုပ်၏ အမျိုးအနွယ်များက ဖြစ်ဖို့ရန် သူတို့ကို ရွေးချယ်သည်။ (UDB)

သားအရာ၌ ချီးမြှောက်ခြင်း

ရှင်ပေါလုသည် "သားအရာ၌ ချီးမြှောက်ခြင်း (မွေးစားခြင်း)" ကို ဣသရေလလူများသည် ဘုရားသခင်၏ သားသမီးများကဲ့သို့ ဖြစ်ကြောင်း ရည်ညွှန်းဖို့ရန် တင်စားသုံးနှုန်းခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သူတို့တွင် ဘုရားသခင်သည် ဖခင် အရာ၌ ရှိသည်။" (ရှု၊ rc://*/ta/man/translate/figs-metaphor)

ဘိုးဘေးများတို့နှင့်ဆက်နွယ်သောသူလည်း ဖြစ်ကြ၏။ ခရစ်တော်သည်လည်း၊ ဇာတိအမျိုးအားဖြင့် ထိုသူတို့၏ အမျိုးဖြစ်တော်မူ၏

"ခရစ်တော်သည်လည်း၊ ဇာတိအမျိုးအားဖြင့်" သည် ခရစ် တော်သည်ဇာတိအားဖြင့် ဣသရေလဘိုးဘေးများမှဆင်းသက် ကြောင်းဆိုလိုသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ခရစ်တော်သည် ဇာတိပကတိအားဖြင့် သူတို့ ဘိုးဘေးများ၏ အမျိုးအနွယ် ဖြစ်လာခြင်းဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)