my_tn/rom/09/01.md

2.9 KiB

ဆက်စပ်မှုဖော်ပြချက်

ရှင်ပေါလုသည် ဣသရေလနိုင်ငံလူမျိုးများ ကယ်တင်ခြင်း ရစေလိုသည့် သူ့ဆန္ဒကို ပြောပြသည်။ ထို့နောက် ဘုရားသခင်သည် သူတို့ကိုကယ်တင်ဖို့ မတူညီသော နည်းလမ်းများပြင်ဆင်ခြင်းကိုလည်း အလေးပေးပြောဆိုသည်။

ငါသည်မုသာမပါ၊ ခရစ်တော်ရှေ့၌ မှန်ကန်စွာ ပြောသည်ကား

ဤနှစ်ခုသည် အခြေခံအားဖြင့် တူညီသောအဓိပ္ပါယ်ရှိသည်။ သူသည် အမှန်တရားကို ပြောဆိုကြောင်းလေးနက်စေလို၍ သုံးခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-doublet)

ငါ့ကိုယ်ကိုကိုယ်သိသော စိတ်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်တကွ ငါ့ဘက်၌ သက်သေခံလျက်

ငါ၏ ကိုယ်ကိုကိုယ် သိသောစိတ် ကို သန့်ရှင်းသောဝိညာဉ်တော်ထိန်းချုပ်၍ ငါပြောသောအရာကို မှန်ကန်ကြောင်း ခိုင်မာစေသည်။

ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံး ထဲ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာရှိ၏

"စိတ်နှလုံးထဲ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာ" သည် သူ့စိတ်ပူပန်မှုကို ဖော်ပြရန်ရှင်ပေါလုသုံးထားသော စကားလုံးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ငါသည် လွန်စွာ စိုးရိမ်ပူပန်ခြင်းရှိသည်။" (ရှု၊ rc://*/ta/man/translate/figs-idiom)

အလွန်ဝမ်းနည်းခြင်း နှင့် မခြားမလပ် ပူပန်ခြင်းဝေဒနာ

ဤနှစ်ခုသည် အခြေခံအားဖြင့် တူညီသောအဓိပ္ပါယ်ရှိသည်။ သူ့စိတ်ခံစားချက်များ မည်မျှကြီးမားသည်ကို လေးနက်စေလို၍ သုံးခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-doublet)