my_tn/rom/07/13.md

2.7 KiB

ဆက်စပ်မှုဖော်ပြချက်

ရှင်ပေါလုသည် သူ့အတွင်းလူ၏ အပြစ်နှင့်ဘုရားသခင်၏ ပညတ်တော်နှင့်သူ့စိတ် ဟူသည့် အပြစ်နှင့် အကောင်းကြားတွင် သူ့အတွင်းလူ၏ ခက်ခဲမှုကို ပြောဆိုသည်။

သို့ဖြစ်လျှင်

ရှင်ပေါလုသည် အကြောင်းအရာသစ်ကို မိတ်ဆက်နေခြင်းဖြစ်သည်။

ကောင်းမြတ်သောအရာသည် ငါ၌သေခြင်းအကြောင်း ဖြစ်သလော

အလေးပေးမှုကို ဖော်ပြရန် ဤမေးခွန်းကို အသုံးပြုခြင်းဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

ကောင်းမြတ်သောအရာ

ဘုရားသခင်၏ ပညတ်တော်ကို ရည်ညွှန်းသည်။

ငါ၌သေခြင်းအကြောင်း ဖြစ်သည်

ငါ့ကို သေစေသည်

မဖြစ်နိုင်ရာ

ဤဖော်ပြချက်သည် အရှေ့၌မေးခဲ့သည့် မေးခွန်းအတွက် အပြင်းထန်ဆုံးသော ငြင်းဆိုချက်ဖြစ်သည်။ သင်ဤနေရာတွင် သုံးနိုင်သည့်ဖော်ပြချက် သင်၏ဘာသာ စကား တွင် ရှိနိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဤအရာသည် လုံးဝ မမှန်ပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

အပြစ်တရားသည်...ငါ၌သေခြင်းကို ပြု၍

ရှင်ပေါလုသည် ပညတ်တရားကို လှုပ်ရှားမှု ပြုနိုင်သောလူပုဂ္ဂိုလ်အဖြစ်မြင်ခြင်း ဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-personification)

ငါ၌သေခြင်းအကြောင်း ဖြစ်သည်

ငါ့ကို ဘုရားသခင်နှင့် ကင်းကွာစေသည်။

ပညတ်တော်အားဖြင့်

ငါသည် ပညတ်တော်ကို နာခံခြင်း မရှိသောကြောင့်