my_tn/rom/03/05.md

4.3 KiB

ငါတို့၏ မတရားသောအမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင်၊ အဘယ် သို့ဆိုရသနည်း

ဤမှတ်ချက်သည် အလေးပေးမှုကို ဖော်ပြရန် မေးခွန်းအသွင်ဖြင့် ပေါ်လွင်စေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "သို့သော်လည်း အချို့လူများသည် မိမိတို့အမှားပြုလုပ်သည့်အခါ ဘုရားသခင် မည်မျှပြုလုပ်သည်ကိုအခြားလူများသည် သာ၍ ရှင်းရှင်းလင်းလင်း မြင်တတ်ကြသည်ဟု ဆိုကြသည်" ၎င်းနှင့်ပါတ်သက်ပြီး ကျွန်ုပ်ဘာပြောစရာရှိလဲ။ (ရှု၊ rc://*/ta/man/translate/figs-rquestion)

ဘုရားသခင်သည် ဒဏ်ပေးတော်မူလျှင်၊ မတရားသောအမှုကို ပြုတော်မူသည်မဟုတ်

ဤမှတ်ချက်သည် အလေးပေးမှုကို ဖော်ပြရန် မေးခွန်းအသွင်ဖြင့် ပေါ်လွင်စေသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများကို ပြစ်ဒဏ်ပေးသည့်အခါ ဘုရားသခင်သည် ဖြောင့်မတ်ခြင်းမရှိဟု ကွန်ုပ်တို့ ပြော၍ မရပါ။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

ဒဏ် (အမျက်တော်)

ဒဏ် (အမျက်တော်) သည် ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းကို ဆိုလိုသည့် စကားလုံးဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)

လူသဘောအတိုင်း ငါဆိုသတည်း

လူသဘော သည် လောကလူသားများ သာမန်အားဖြင့်စကားပြောပုံကို ရည်ညွှန်းသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူများ ပုံမှန်အားဖြင့် ပြောမည့်စကားကို ဤနေရာတွင် ရည်ညွှန်းခြင်းဖြစ်သည်။" (ရှု၊ rc://*/ta/man/translate/figs-explicit)

ဟုတ်လျှင်လောကသားတို့ကို အဘယ်သို့ စစ်ကြောစီရင်တော်မူမည်နည်း

ရှင်ပေါလုသည် သတင်းကောင်းကို ဆန့်ကျင်သော ငြင်းခုံချက်များသည် မှန်ကန်မှု မရှိကြောင်းပြသဖို့ ဒီမေးခွန်းကိုသုံးခြင်းဖြစ်သည်။ ဘုရားသခင်သည် လူသားအားလုံးကို တရားစီရင်မည်ဟု ယုဒလူမျိုးများသည် ယုံကြည်ကြသည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် တလောကလုံးကို တရားစီရင်မည်ကို ကျွန်ုပ်တို့အားလုံး သိကြသည်။" (ရှု၊ rc://*/ta/man/translate/figs-rquestion)

လောက

'လောက' သည် မြေကြီးပေါ်တွင် ရှိနေသောလူများအားလုံးအတွက် သုံးထားသည့် ကိုယ်စားပြုစကားလုံးဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "မြေကြီးပေါ်ရှိ မည်သူမဆို။" (UDB) (ရှု၊ rc://*/ta/man/translate/figs-metonymy)