my_tn/rom/03/03.md

3.6 KiB

သူတို့တွင် အချို့မယုံသော်လည်း၊ အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့မယုံဘဲနေခြင်းအရာသည် ဘုရားသခင်၏သစ္စာတော်ကို ဖျက်နိုင်သလော

ရှင်ပေါလုသည် လူများကို စဉ်းစားစေလိုသည့်အတွက် ဤမေးခွန်းများကို သုံးခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "အချို့သော ယုဒလူများသည် ဘုရားသခင်ထံသို့ သစ္စာမရှိကြ။ ဤအချက်အားဖြင့် ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်သည် မိမိကတိကို ပြည့်စုံစေမည်မဟုတ်ဟု သတ်မှတ်ရမည်လော" (ရှု၊ rc://*/ta/man/translate/figs-rquestion)

မဖျက်နိုင်ရာ

ဤဖော်ပြချက်သည် မေးထားသည့် မေးခွန်းမဖြစ်နိုင်ကြောင်း ခိုင်မာစွာ ငြင်းဆိုထားသည်။ သင်၏ ဘာသာစကားတွင် ဤနေရာတွင် အသုံးပြုနိုင်သောစကားရှိနိုင်သည်။ "လုံးဝ မဖြစ်နိုင်ဘူး"

ဘုရားသခင်၏ သစ္စာတော်သည် တည်စေသတည်း

ဘုရားသခင်သည် အမြဲတမ်းမှန်ကန်သည်၊ ကတိတည်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "ဘုရားသခင်သည် ကတိပေးထားသည့်အရာကို အမြဲပြုလုပ်သည်" (UDB) (ရှု၊ rc://*/ta/man/translate/figs-explicit)

လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း

ဘုရားသခင်သည် ကတိထားသည်အတိုင်း အမြဲပြုလုပ်သည်ကို အလေးပေးရန် ရှင်ပေါလုသည် ချဲ့ကား၍ ပြောဆိုခြင်းဖြစ်သည်။ အခြားသောဘာသာပြန်ဆိုချက်၊ "လူအားလုံးသည် လိမ်လည်သူများ ဖြစ်သော်လည်း" (ရှု၊ rc://*/ta/man/translate/figs-hyperbole)

ကျမ်းစာ၌လာသည်နှင့်အညီ

အခြားသောဘာသာပြန်ဆိုချက်၊ "ကျမ်းစာသည်လည်း ငါပြောနေသည့်အရာနှင့် တစ်ထပ်တည်းပင် ဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

တရားစီရင်သောအခါ အောင်မြင်တော်မူ၏

အခြားသောဘာသာပြန်ဆိုချက်၊ "လူတိုင်းသည် သင်ပြောသောအရာသည် မှန်ကန်သည်ဟု သိ၍၊ သင့်ကို အပြစ်တင်သောသူတို့အပေါ် သင်သည် အနိုင်ရစေမည်အကြောင်း" (ရှု၊ rc://*/ta/man/translate/figs-activepassive)