my_tn/rom/02/23.md

2.3 KiB

ပညတ်တရားတော်ကိုအမှီပြု၍ ဝါကြွားလျက်ပင် ထိုတရားကို လွန်ကျူး၍ ဘုရားသခင်၏ ဂုဏ် အသရေတော်ကို ရှုတ်ချသလော

ရှင်ပေါလုသည် သူ့စာကို ကြားနာသောသူကို ကြိမ်းမောင်းဖို့ရန် ဒီမေးခွန်းကို အသုံးပြုထားသည်။ ပြင်းထန်သည့် ဖော်ပြချက်အဖြစ် ဘာသာပြန်နိုင်သည်။ အခြားသောဘာသာပြန်ဆိုချက်မှာ၊ "ပညတ်တရားတော်ကို နာခံခြင်းမရှိဘဲ ဘုရားသခင်ထံသို့ ရှက်ကြောက်ခြင်းကို ယူဆောင်လာလျှက်ပင် ပညတ်တော်၌ ဝါကြွားသည်ဟု ဆိုခြင်းသည် ဆိုးညစ်သောအမှုဖြစ်သည်" (ရှု၊ rc://*/ta/man/translate/figs-rquestion)

တပါးအမျိုးသားတို့သည် ဘုရားသခင်၏နာမတော်ကို ကဲ့ရဲ့တတ်ကြ၏

အခြားသောဘာသာ ပြန်ဆိုချက်မှာ၊ "သင်တို့၏ ဆိုးညစ်သော အကျင့်သည် ဘုရားသခင်ထံသို့ ရှက်ကြောက်ခြင်းကို ရောက်ရှိစေမည်ဟု တပါးအမျိုးသားတို့သည် စိတ်နှလုံးထဲတွင် ထင်မှတ်ကြသည်" (ရှု၊ rc://*/ta/man/translate/figs-activepassive)

ဘုရားသခင်၏နာမတော်

'နာမတော်' သည် နာမည်တစ်ခုတည်းသာ မဟုတ်ဘဲ ဘုရားသခင်၏ ဖြစ်ခြင်းအားလုံးကို ရည်ညွှန်းသည့် ကိုယ်စားပြုစကားလုံးဖြစ်သည်။ (ရှု၊ rc://*/ta/man/translate/figs-metonymy)